Unicode
သူ့နဖူးကိုကိုင်လိုက်ရင်း ချီကျွင်း နာကျင်စွာဖြင့် ပင့်သက်ရှိုက်မိလိုက်သည်။ အခုသူရောက်နေတဲ့နေရာကို သတိပြုပြီး ရှာကြည့်သော်လည်း မှန်နဲ့တူတာ တစ်ခုမှမတွေ့ခဲ့ရပေ။ ကံကောင်းထောက်မစွာပဲ ပြတင်းပေါက်မှန်ပေါ်မှာ ထင်ဟပ်နေသည့်ပုံရိပ်တွင် ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း အကြမ်းဖျင်းကြည့်နိုင်သေးသည်။
အပြင်မှာ ကောင်းကင်က မှိန်ဖျော့နေပြီး နံရံပေါ်က နာရီကို ကြည့်လိုက်တော့ ညနေ၄နာရီနှင့်၅၀မိနစ် ရှိနေပြီး ကမ္ဘာကြီးရဲ့ရှုခင်းတွေက ဖျက်စီးမခံရခဲ့လျှင် နေဝင်ချိန်ရောက်နေလောက်ပြီ ဖြစ်သည်။
ထိုအချိန်တွင် မှန်ပြတင်းပေါက်မှ ထင်ဟပ်နေသော လူငယ်လေး၏မျက်နှာကို မြင်လိုက်ရသည်။ အရင်အတိုင်းပါပဲ။ ဒါပေမဲ့ အဲ့ဒါက သူ့ကိုယ်ခန္ဓာမဟုတ်မှန်း သူသိနေဆဲဖြစ်သည်။ ပုံပန်းသဏ္ဍာန်တူညီသော်လည်း ဤလူငယ်သည် သူ့ထက် များစွာငယ်ပြီး ပို၍သန့်စင်သည်ဟု ခံစားရသည်။ ဤခန္ဓာကိုယ်သည် အသက်ဆယ့်ငါး ဆယ့်ခြောက်လောက် ရှိပုံရသည်။ သေချာကြည့်လိုက်မိသောအခါ သူ့ဟာ နဂိုထက် ပိုပိန်သွားတယ်လို့ ခံစားလိုက်ရပြန်သည်။ ဒါပေမဲ့ ဘယ်လောက်ပဲကြိုးစားနေပါစေ သူနားမလည်နိုင်ခဲ့ပေ။
နဖူးပေါ်ရှိ ဒဏ်ရာကို ပတ်တီးမပတ်ထားသော်လည်း လိမ်းဆေးလိမ်းထားသည်မှာ အဖြူရောင်အလွှာတစ်ခု အုပ်ထားသကဲ့သို့ပင်။ သူ့မျက်နှာမှာဖြူဆုတ်နေပေမဲ့ သေသွားမှ အလောင်းကိုစွန့်ပစ်ရတဲ့အထိလဲ သူ့မိသားစုက သွေးအေးမနေဘူးလို့ ထင်ရသည်။ တကယ်တော့ ဒဏ်ရာက ကြောက်စရာကောင်းပေမဲ့ မထိမိရင် နာကျင်မှုကို လုံးဝမခံစားရပေ။ ဒဏ်ရာအရွယ်အစားက နည်းနည်းတော့ စိတ်အနှောက်အယှက်ဖြစ်စေသည်။ "အဲ့တာက နဖူးအလယ်မှာရှိနေတာ၊ တကယ်ကွဲသွားတာပဲ။"
သို့သော် ချီကျွင်း သည် သူ့ဂန္ဓမာပန်းလေးကို ဤနည်းဖြင့် ထိန်းသိမ်းထားရကျိုးနပ်သည်ဟု ခံစားမိသည်။ သူ၏လုပ်ဖော်ကိုင်ဖက်မိန်းကလေး ကျောက်ကျားသည် ဖူဂျိုရှီမိန်းကလေးဖြစ်ပြီး လိင်တူချစ်ကြိုက်သည့်ဝတ္ထုများကို ဖတ်ကြည့်ရန် သူ့မှာ အကြိမ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။ တကယ်တော့ ထိုဇာတ်လမ်းများသည် တော်တော်ကောင်းတယ်လို့ သူထင်ပြီး ရွံရှာခဲ့ခြင်းလဲ မရှိပေ။ ဘန်း ဘန်း ဘန်းသည့် ဇာတ်ကွက်ကို မြင်ရုံနှင့်ပင် အကြောင်းပြချက်မရှိ သူပါနာကျင်လာသလို ခံစားရပြန်သည်။ ကံကောင်းထောက်မစွာဖြင့် ကျောက်ကျားသည် မိန်းကလေးကောင်းတစ်ယောက်ဖြစ်သည်။ သူစိတ်မဝင်စားတာကိုမြင်ပြီးနောက် သူ့ကို မနှောင့်ယှက်တော့ပေ။
YOU ARE READING
အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်
Fantasy***MC ချီကျွင်း ၊ တုန်ဖန်းရုန် မတော်တဆမှုတစ်ခုတွင် ချီကျွင်းသည် အနာဂတ်ကမ္ဘာသို့ ခရီးသွားခဲ့ပြီး ထိုကမ္ဘာမှ ချီကျွင်း ဖြစ်လာခဲ့သည်။ သူ့ဘဝတစ်သက်တာတွင် တရားမ၀င်ကလေးတစ်ဦးအဖြစ် မွေးဖွားခဲ့ရသောကြောင့် သူ၏ ဆွေမျိုးများကို မမြင်ဖူးခဲ့ပေ။ ဒီဘက်ကမ္ဘာတွင်တော့...