အပိုင်း (၁) တိုက်ခိုက်ရမှာကကျိန်းသေပဲ

Start from the beginning
                                    

   သုဿာန်မှထွက်လာပြီးနောက်  နေ့လည်စာစားရန် ကျောင်းကန်တင်းသို့ ချီကျွင်းပြန်လာခဲ့သည်။  များသောအားဖြင့်တော့ သူကိုယ်တိုင် ဝယ်ပြီး ချက်စားလေ့ရှိသည်။ သူ  ဆယ်နှစ်သားအရွယ်တွင် သူ့အမေ ကျန်းမာရေးမကောင်းသောကြောင့် ထိုအချိန်မှစကာ ဈေးဝယ်ရန်နှင့်ဟင်းချက်ခြင်းတို့ကို စတင်တာဝန်ယူခဲ့ရသည်။

   အမေနှင့်သား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မှီခိုနေရသော်လည်း  ချီကျွင်းသည် သူ၏မိသားစုဘဝလေးမှာ အလွန်ပျော်ရွှင်သည်ဟု ခံစားရသည်။  ဘုရားသခင်က သူ့ကို ကောင်းချီးမပေးတဲ့အတွက် စိတ်မကောင်းဖြစ်မိပေမဲ့ပေါ့။  ကောလိပ်ဝင်ခွင့်စာကို လက်ခံရရှိပြီး မကြာခင်မှာပင် သူ့မိခင်၏ ကျန်းမာရေး အခြေအနေ ရုတ်တရက် ဆိုးရွားလာပြီး နောက်ဆုံးတွင် ကွယ်လွန်သွားခဲ့သည်။  ဆရာဝန်၏ ပြောပြချက်အရဆို သူ့ကိုမွေးဖွားချိန်တွင် ဖြစ်ခဲ့သည့် အလွန်အမင်း သွေးသွန်မှု၏ နောက်ဆက်တွဲပြဿနာတစ်ခုကြောင့် ဖြစ်သည်။  တကယ်တော့ တစ်စုံတစ်ယောက်ကသာ သူ့ကို ကောင်းကောင်း ဂရုစိုက်ခဲ့မယ်ဆိုရင် သူ့မိခင်သည် ထိုမျှလောက် အားနည်းသွားလိမ့်မည် မဟုတ်ပေ။  တကယ်တော့ ချီကျွင်း ရဲ့ နှလုံးသားထဲမှပင်  အဲဒီ "အဖေ" ဆိုသောသူနှင့် သူ့ကိုယ်သူကိုပါ နာကြည်းခဲ့သည်။  သို့သော် သူသည် သူ့မိခင်၏နှလုံးသည်းပွတ် ဖြစ်သည်ကို သိနားလည်ထားသဖြင့် သူ့ကိုယ်သူ ကောင်းမွန်စွာ ဆက်ဆံပြုမူရပေလိမ့်မည်၊၊ သို့မှသာ ကျိုးချွမ်လက်အောက်ရှိ ကွယ်လွန်သူ သူ့မိခင်သည် စိတ်အေးချမ်းသာစွာ ရှိစေမည် ဖြစ်သည်။

  ထမင်းတစ်ဇလုံနှင့် ပဲပင်ပေါက်ကြော်တစ်ပန်းကန်ဖြင့် သူ၏နေ့လည်စာမှာ အမြဲရိုးရှင်းသည်။  သို့သော်လဲ ထိုအရာကြောင့်ပင် ကျောင်းရှိ သူနှင့်ရင်းနှီးသော သူများကို နားမလည်ဖြစ်စေသည်။  သူ့လစာမှာ လောလောဆယ် သိပ်မမြင့်ပေမဲ့ ဒီမြို့ငယ်လေးမှာ နေဖို့ လုံလောက်နေပါသေးသည်။  ကျောင်းငါးကျောင်းအထိ အလုပ်ပြောင်းခဲ့သော်လည်း  သူ့မှာ အိပ်ခန်းနှစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါသော အိမ်ရှိသည်။  ပြီးတော့ လူလွတ် တစ်ယောက် ဖြစ်တာကြောင့် ဒီလိုမျိုး ချွေတာဖို့ မလိုအပ်ပေ။ ထို့အပြင်
ချီကျွင်း သည် ဆေးလိပ်ရော အရက်ပါမသောက်သူဖြစ်သည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now