အပိုင်း (၁) တိုက်ခိုက်ရမှာကကျိန်းသေပဲ

Start from the beginning
                                    

   သူ့မိခင်၏အုတ်ဂူသို့ရောက်သောအခါ ချီကျွင်းသည် လီလီပန်းစည်းကို သူမ၏ အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် တင်လိုက်သည်။  "အမေ့ကိုတွေ့ဖို့ ဒီကိုရောက်လာတာ။ ဒီလီလီပန်းက အမေအသက်ရှင်နေတုန်းက အကြိုက်ဆုံးပန်းလေ။ ကျွန်တော်တစ်ပွင့်ချင်း သေချာရွေးခဲ့တာ"

  အနားမှာ ဘယ်သူမှမရှိပေမဲ့ ချီကျွင်း ထွက်မသွားချင်ခဲ့ပေ။  မနေ့က အဖြစ်အပျက်ကို တွေးမိပြီးနောက် ရုတ်တရက် သူ သူ့အမေနှင့် စကားပြောချင်လာသည်။
 
"အမေ ကျွန်တော်တစ်ခုပြောပြမယ်။ တချို့လူတွေက အမေ့သားရဲ့ ရုပ်ရည်နဲ့စိတ်ဓာတ်ကို တကယ်ကြိုက်ကြတယ်။ တကယ်တော့ ဘာကိုပြောချင်မှန်းတောင် ကျွန်တော်မသိပါဘူး။ ကျောင်းသူလေးတစ်ယောက်က အဲ့လိုမျိုး ပြောချင်ပုံရတယ်ဆိုပြီး ကျောက်ကျားက ကျွန်တော့်ကိုပြန်ပြောပြတာလေ
ပြီးတော့ ကျွန်တော့်လက်တွဲဖော်အကြောင်းလား။တကယ်တော့ ကျွန်တော့်လစာက တစ်လကိုယွမ် ၂၀၀၀ အောက်ဆိုတော့ မိသားစုကို ဘယ်လို ထောက်ပံ့နိုင်မှာလဲ။ မိသားစုတစ်ခု ထူထောင်ဖို့တော့ လက်ရှိမှာ စဉ်းစားနေတာပါပဲ။ ဝင်ငွေပိုရပြီးတဲ့နောက်မှပဲ အဲဒီအကြောင်း ပြောကြရအောင်။  စကားမစပ် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျွန်တော် ရိုကျားမော့(တရုတ်စတိုင် ဟမ်ဘာဂါ)နှစ်ခုကို အလုပ်ဆီယူသွားခဲ့ပေမယ့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းလုစားလိုက်ကြတယ်။ကျွန်တော်လုပ်ထားတာက အပြင်မှာရောင်းတာထက် ပိုကောင်းတယ်လို့ပြောကြတယ်။ အမေ ကျွန်တော်နောက်ပိုင်းကျရင် စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်တာက ပိုကောင်းမယ်ထင်လား။  အရင်တုန်းက အမေသင်ပေးခဲ့တဲ့ ဟင်းပွဲတွေက အရမ်းအရသာရှိတာလေ။ အပြင်ထွက်စားတဲ့အခါ ရံဖန်ရံခါမှာမှ မှာစားရတာ အရမ်းဆိုးတာပဲ။ အရင်ရက်တွေတုန်းကလဲ အပေါ်ထပ်က ရေတွေ စိမ့်ကျလာပြီး ကျွန်တော့်အခန်းကို စိုရွှဲသွားတာပဲ။  အားလုံးကို လွှင့်ပစ်လိုက်ပြီး အရင်က မတွေ့ခဲ့တဲ့ ဆေးစာအုပ်တချို့ကို ရှာတွေ့ခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ စာအုပ်တွေကတော့ ရေမစိုခဲ့ဘူး။  အဘိုးက ချန်ထားခဲ့တာလို့ အမေပြောဖူးတာကို မှတ်မိတာကြောင့်  သေသေချာချာ သိမ်းထားတယ်။  တကယ်တော့ တရုတ်ဆေးပညာကို သင်ယူရတာ အရမ်းကောင်းပါတယ်။  မကြာသေးခင်ကပဲ ဒီဘာသာရပ်မှာ အရင်နှစ်တွေထက်စာရင် လူပိုများလာပြီး ဒီဒေသမှာပါ စာအုပ်ငှားတဲ့သူတွေ ပိုများလာတယ်…”

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now