အပိုင်း (၁) တိုက်ခိုက်ရမှာကကျိန်းသေပဲ

17.9K 801 13
                                    

unicode

မနက်စောစော နိုးလာချိန်တွင် သူ့ခေါင်းထဲမှ အနည်းငယ်မူးနောက်နောက်ဖြစ်နေသလို ချီကျွင်း ခံစားလိုက်ရသည်။  မကြာသေးမီက သူသည် တုပ်ကွေးရောဂါကို အပြင်းအထန် ခံစားခဲ့ရသည်။ ယခု သူ့ကိုယ်အပူချိန်ကို တိုင်းကြည့်သောအခါ ပုံမှန်ဖြစ်နေကြောင်းကို မြင်ရသည်နှင့် အဝတ်အစားများကို လဲလှယ်ကာ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး အိမ်မှထွက်လာခဲ့သည်။

  ဤနေ့သည် သူ၏မိခင် ကွယ်လွန်ခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်သောကြောင့် နေ့တစ်ဝက် ခွင့်ယူထားသည်။  မည်သို့ပင်ဆိုစေကာမူ သူသည် ကျောင်းစာကြည့်တိုက်၏ အုပ်ချုပ်ရေးမှူးများထဲမှ တစ်ဦးသာဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်တစ်ဦးတော့ မဟုတ်ပေ။

  သုဿာန်သို့့သွားရန် ကားပေါ်တက်ပြီးနောက် သူခဏတုံ့ဆိုင်းနေသွားပြီး ခေါ်ရန်ပြင်နေသော ထိုနံပါတ်ကိုမူ မခေါ်မိသေးချေ။  ထိုသူ၏သွေးများသည် ချီကျွင်းကိုယ်ထဲတွင် စီးဆင်းနေသော်လည်း ထိုသူကိုတစ်ခါမျှ အဖေဟူ၍ မခေါ်ခဲ့ဖူးပေ။  သူ့ကိုတရားမဝင် ကလေးတစ်ယောက်ဖြစ်အောင် လုပ်ခဲ့သော ထိုလူ။ ပြီးတော့ အဲ့ဒီသူက သူ့အမေကို သူ့ကိုယ်သူ လူလွတ်ပါဆိုပြီး လိမ်ညာခဲ့သည်။

  ၄င်းကိုတွေးပြီးနောက် ချီကျွင်း၏ ကိုယ်ပူချိန်မှာ နဂိုထက် နှစ်ဆတိုးသွားသလိုပင်။

  ဧပြီလနှင့် ဇူလိုင်လ မဟုတ်သောကြောင့် ကန်တော့ရန် သုသာန်သို့ လူသွားလူလာ သိပ်မရှိပေ။  သို့ရာတွင် အသွားအပြန် ကားအနည်းအကျဉ်း ရှိနေပြီး အဝေးတစ်နေရာမှ တီးသံမှုတ်သံများလဲ ကြားနေရသောကြောင့် သက်ကြီးပိုင်းထဲက လူတစ်ဦး၏ နာရေးရှိနေဟန်တူသည်။

  ထိုဓလေ့နဲ့ ပတ်သက်ပြီး ကောင်းကျိုးတစ်စုံတစ်ရာမရှိဘူးလို့ သူမထင်သလို ဆိုးကျိုးလဲရှိလိမ့်မည်ဟု မထင်ပေ။  အချို့လူများသည် သူတို့အသက်ရှင်နေချိန်တွင် လူမသိသူမသိ ရှင်သန်သွားကြရပြီး သေဆုံးပြီးချိန်မှသာ တသသအဖြစ်ခံကြရသည်။  ဒါပေမဲ့ တချို့လူတွေက သူ့အမေလိုသာဖြစ်သည်။  သူမသည် ပျော်ရွှင်သာယာသောဘဝဖြင့် နေထိုင်နိုင်သော်လည်း တစ်စုံတစ်ဦးကို မှားယွင်းစွာချစ်မိသည့်အတွက် သူ၏ဂုဏ်သတင်းနှင့် သူ့အသက်ကိုပင် စတေးခဲ့သည်။  ဒါဟာ တန်သလား။  သူကိုယ်တိုင် မွေးဖွားလာရခြင်းအပါအဝင် ထိုအရာအားလုံးသည် တကယ်ပဲထိုက်တန်ပါသလား။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now