Chapter (70-1) Z+U ထင်းထင်းလား / ထင်းထင်းလား

Start from the beginning
                                    

စားပြီးသောအခါ ကျူးရှသည် လီကျောင်းနှစ်ကြိမ်ခန့် လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ရန်ထင်းက အိပ်မပျော်သောကလေးအား ချော့မြူသကဲ့သို့ ကျောင်းကျောင်း၏ကျောကို ညင်ညင်သာသာ ပွတ်ပေးရန် အလွန်သဘာဝကျသောပုံစံဖြင့် လက်ဆန့်လိုက်၏။ မကြာခင် လီကျောင်း၏တစ်ကိုယ်လုံး ရန်ထင်းပေါင်ပေါ်သို့ ယိုင်လဲကျသွားသည်။  ရန်ထင်းက အပေါ်ထပ်အကျီကို ချွတ်ကာ သူ့အား ခြုံပေးလိုက်သည်။

ကျိုးမင်သည် သူ့နှလုံးသားထဲတွင် အမြဲတမ်း  ကသိကအောက်ဖြစ်သလို ခံစားခဲ့ရ၏။ ရန်ထင်းသည် ချမ်းသာပြီး အဆက်အသွယ်ကောင်းများ ရှိသည့်ပုံပင်။ သူသည် သူတို့၏ ကျောင်းကျောင်းထက် နှစ်များစွာ အသက်ကြီးပြီး ရန်ထင်းက လီကျောင်းခံစားချက်များအား လှည့်ဖျားသွားမည်ကို ကျိုးမင်စိုးရိမ်နေခဲ့သည်။

ယခု ရန်ထင်း၏ လှုပ်ရှားမှုတိုင်းကို ကြည့်ရင်း ရန်ထင်းက ကျောင်းကျောင်းအပေါ် ရိုးသားကြောင်း တဖြည်းဖြည်း သိရှိလာခဲ့သည်။ သို့သော် သူသည် ကျောင်းကျောင်းက ငယ်ငယ်ရွယ်ရွယ်နှင့် ကောလဟာလများစွာ ရင်ဆိုင်ရမည်ကို မလိုလားပေ။ သူ့တွင် မတူကွဲပြားသော လောကအမြင် ရှိပေသည်။

အခန်းက အလွန်တိတ်ဆိတ်လျက် ရှိ၏။ကျိုးမင်က မည်သို့စကားစရမည်ကို မသိသကဲ့သို့ ကျူးရှကလည်း စကားမပြောဝံ့ပေ။ ရန်ထင်း၏ အာရုံအလုံးစုံကလည်း လီကျောင်းအပေါ် ကျရောက်နေပြီး သူ့တွင် စကားစပြောရန် ရည်ရွယ်ချက်မရှိချေ။ တံခါးခေါက်သံ ကြားလိုက်ရမှသာ အခန်းတွင်းရှိတိတ်ဆိတ်မှုက ပြိုပျက်သွားသည်။

ရန်ထင်းက မသိစိတ်အလျောက် လီကျောင်း ၏နားကို လှမ်းဖုံးချင်သော်လည်း လီကျောင်းက အရင်နိုးလာခဲ့၏။ ရိုက်ကွင်းတွင် ပြေးလွှားနေခဲ့ရသည့် နှစ်နှစ်အတွင်း လီကျောင်းသည် ပြသနာတစ်စုံတစ်ခု ပေါ်လာပါက ချက်ချင်းနိုးတတ်သည့် အလေ့အထတစ်ခု ဖြစ်ထွန်းခဲ့သည်။

“ငါ အရမ်းအိပ်ချင်နေတယ်။” သူက ရန်ထင်း၏ပေါင်ပေါ်တွင် လဲလျောင်းနေဆဲပင်။ ထို့နောက် သူအိပ်ပျော်မသွားခင် ရန်ထင်း သူ့အား ပြောခဲ့သည့်စကားကို အမှတ်ရသွားပြီး သူ့စိတ်အာရုံမှာ ရုတ်ချည်း ကြည်လင်သွားသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now