Chapter (28)

6.2K 1K 81
                                    

Unicode 🌻

ချီပေါ်ယန်သည် ထိုစကားအားကြားသည့်အခါ သူ့၏ပထမဆုံးတုံ့ပြန်မှုသည် အံ့ဩသွားခြင်းဖြစ်သည်။ ဒုတိယတုံ့ပြန်မှုကတော့
" ဘာ Mark လဲ?"

ဟုတ်ပါသည် ... နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် ချီပေါ်ယန်သူ၏ မိုက်မဲမှုအား ဦးနှောက်ထဲမှ လုံးဝမေ့ပျောက်သွားပြီဖြစ်သည်။

ကျီးဝမ်၏ ဦးနှောက်သည် ဒေါသကြောင့် တဟုန်းဟုန်းတောက်လောက်လို့နေသည် " ရန့်ရန်ရဲ့ လည်ပင်းက Temporary Mark (ယာယီအမှတ်အသား) လေ! မင်းမလုပ်ခဲ့ပါဘူးလို့ ဘာလို့ပြောရဲရတာလဲ? ချီပေါ်ယန်... မင်းလူရောဟုတ်ရဲ့လား! သူကငါ့ရဲ့အကောင်းဆုံးညီအစ်ကိုလေ!"

ချီပေါ်ယန်က သူသည် လူမှဟုတ်ရဲ့လား ဟူသည့် စွပ်စွဲချက်အား ထပ်၍ကြားလိုက်ရသည့်အခါ ဒေါသထွက်လာကာ ခန္ဓာကိုယ်အား ကုတင်ပေါ်မှကြွလိုက်သည် " အဲ့ဒီတော့.... ကျွန်တော့်မွေးနေ့မှာ ကျွန်တော်ကိုပစ်ထားခဲ့ရတာက ဒီကိစ္စကြောင့်ပေါ့လေ?"

ကျီးဝမ်သည် လုံးဝမယုံနိုင်စွာဖြင့်အံ့အားသင့်သွားရသည်။ သူ ချီပေါ်ယန်၏ သုံးဖက်အမြင်အား,လုံးဝနားမလည်နိုင်တော့ပေ။ ကျီးဝမ်သည် သူ၏ ခံယူချက်များကိုပင် သံသဝင်ချင်သလိုဖြစ်သွားသည်" ယာယီ Mark ကရော Mark လို့မသတ်မှတ်နိုင်ဘူးထင်နေတာလား! သူကOmega နော်! အဲ့တာက သူ့အတွက်ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့အရာဆိုကို မင်းသိရဲ့လား!"
( သုံးဖက်အမြင်- လောကကြီးအပေါ်အမြင်, ဘဝအပေါ်ဒဿနအမြင်, ထိုက်တန်မှုအပေါ် တန်ဖိုးဖြတ်မှု)

သူပြောပြီးသည့်နောက်တွင် ချီပေါ်ယန်သည် ခုတင်ခေါင်းရင်းရှိပစ္စည်းများအားလုံးအား လက်ဖြင့်အကုန်တွန်းချပစ်လိုက်သည် " သူ! သူပဲ ! သူပဲ! ခင်ဗျားပါးစပ်ထဲမှာ သူ့အကြောင်းချည်းပဲပြည့်နေတာ ! ကျွန်တော်မေးမယ် ကျွန်တော်နဲ့လမ်းခွဲ့ခဲ့ရတာက သူ့ကြောင့်မလား!"

ကျီးဝမ်၏ ရင်အစုံသည် နိမ့်ချည် မြင့်ချည်လှုပ်ရှားနေသည်။ သူခြေထောက်သည် ချီပေါ်ယန်တွန်းချလိုက်သည့် ပစ္စည်းတစ်ခုထိမိသွားကာ အလွန်နာကျင်သွားရသည်။

" မလုံလောက်သေးဘူးလား? မင်းက ရန့်ရန်ပြောခဲ့သလို မျက်နှာနှစ်ခုနဲ့လူယုတ်မာပဲ! ငါ့မှာတော့မင်းနဲ့အတူရှိနေနိုင်ဖို့ သေလောက်အောင်ရူးသွပ်ခဲ့ရတာ" စိတ်ခံစားမှုများ ပြင်းထန်လွန်းနေတာကြောင့် စကားလုံးများသည် ကျီးဝမ်၏နှုတ်မှ ကြမ်းတမ်းစွာ အထိန်းအကွပ်မရှိထွက်ကျလာခဲ့သည်။  လက်ရှိအခြေအနေအား စိတ်ထဲတွင်သာ သိမ်းထားလိုက်ဖို့ အစီအစဉ်မရှိပေ။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now