Chapter (51)

5.8K 1K 54
                                    

Unicode

အမြန်ပြေးကာ ကားစစ်ဆေးပြုပြင်သည့်နေရာဆီသို့သွားလိုက်သည်။ အစောကပြိုင်ပွဲမှ ပြေးလမ်းနှင့် ကားတာရာတို့ပွတ်တိုက်သံများသည် သူကိုယ်တိုင်၏နှလုံးခုန်သံလိုမျိုး နားထဲ၌ ပဲ့တင်ထပ်ကာ စွဲကျန်နေခဲ့သည်။

ကားစစ်ဆေးပြုပြင်သည့်နေရာ၌ မည်သည့်ကားမှရှိမနေပဲ ချီပေါ်ယန်၏ကားသည် အခုထိရောက်မလာသေးပေ။

ဘာတွေဖြစ်နေတာလဲ? ကားကလမ်းတစ်ဝက်မှာ ရပ်သွားတာလား? ဘာလို့ မီးခိုးထွက်နေတဲ့ကားကိုဆက်မောင်းနေခဲ့သေးတာလဲ? ဂိမ်းမှာ အနိုင်ရဖို့အဲ့လောက်တောင်မှ အရေးကြီးနေတာလား?

တစ်ခုခုသာ မှားယွင်းသွားခဲ့ရင်........

ကျီးဝမ်သည် လက်သီးတင်းတင်းဆုပ်ထားမိသည်။ ချီပေါ်ယန်အား ထိုးပစ်လိုက်ချင်သည် သို့သော် သူ့ကိုယ်သူလည်း ထိုးပစ်လိုက်ချင်သည်။

ချီပေါ်ယန်ရဲ့ တဇွတ်ထိုးဆန်သည့်အကျင့်ကို ကြိုသိခဲ့လျှက်၊ သူတို့နှစ်ယောက်ကြားတွင် ကျီးဝမ်ကအမြဲ စဉ်းစားချင့်ချိန်တက်သူဖြစ်ပါလျှက်၊ ဘာကြောင့်များ မတားဆီးနိုင်ခဲ့ရတာလဲ။

ကျီးဝမ်သည် ကားစစ်ဆေးပြုပြင်သည့်နေရာမှ ပြေးလမ်းတစ်လျှောက် ပြေးထွက်သွားတော့မည်အချိန်တွင် လမ်းအဆုံး၌ အနီရောင်ကားလေးကထွက်ပေါ်လာခဲ့သည်။ ထို့နောက် လိမ်ဖယ်လိမ်ဖယ်ယိုင်နဲ့စွာဖြင့် လမ်းဘေးတွင်ထိုးရပ်သွားသည်။

ချီပေါ်ယန်သည် ကားတံခါးဖွင့်ကာ ကားပေါ်မှဆင်းလာခဲ့သည်။ ကားအရှေ့ဖုံးမှ မီးခိုးများမှာ များသထက်များလာခဲ့ပြီး မီးပွားမီစများပါထွက်ပေါ်လာသည်။

ကားစစ်ဆေးပြုပြင်သူက အချိန်မှီ ရောက်ရှိလာပြီး ချီပေါ်ယန်သည် ရိုက်ကူးရေးဝန်ထမ်းများ၊ ဆရာဝန်များနှင့် ကင်မရာသမားတို့၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ သူသည် လူအုပ်ကြီး၏ အလယ်၌ရပ်ကာ ကျီးဝမ်အားလှမ်းကြည့်လို့နေသည်။

ချီပေါ်ယန်သည် မည်သည့်စကားမှမပြောသော်လည်း သူ၏မျက်နှာပေါ်တွင် ခံစားချက်များစွာရှိနေသည်။ ဆရာဝန်က သူ့လက်မောင်းကို လှမ်းကိုင်လိုက်သည့်အခါမှသာ ချီပေါ်ယန်ကတုံ့ပြန်လာပြီး ဆရာဝန်နှင့်အတူ လှည့်ထွက်လို့သွားသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now