Chapter (63)

5.8K 928 54
                                    

Unicode 🌻

ကျီးဝမ်သည်လည်း တွန့်ဆုတ်မနေတော့ပဲ အားဖြည့်ဆေးကိုလှမ်းယူလိုက်သည်။ သူတကယ်ကို အားဆေးသောက်ရန်လိုအပ်နေသည်။ အနံ့အသက်ဆိုးဝါးလှသည့်ဆေးကိုသောက်ပြီးနောက် ထိုင်ခုံပေါ်တွင်မှီကာ အိပ်စက်လိုက်သည်။

ယနေ့ရိုက်ကူးရေးအတွက် သူ့တွင် အားအင်လုံလုံလောက်လောက်ရှိနေသေးလားဆိုတာကို သူသေချာမသိပေ။ ချီပေါ်ယန်က တကယ့်ကို စာနာစိတ်မဲ့လွန်းသည်။

ဟိုတယ်သို့ပြန်ရောက်သည့်အခါ မနေ့ညက ရှိုးရိုက်ရေးအကြောင်းအရာနှင့်ပတ်သက်၍ ရှောင်ရွှိနှင့်အတူ လေ့လာအတည်ပြုပြီးနောက် ကုတင်ပေါ်တွင်လှဲကာ ငြိမ်းချမ်းစွာအနားယူလိုက်သည်။ သူပြန်နိုးလာသည့်အခါ ကောင်းကင်သည် မဲမှောင်နေပြီဖြစ်ပြီး ရှောင်ရွှိကလည်းသူ့ကို လာမနှိုးခဲ့ပေ။

ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည့်အခါ သူ့သည် တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲ၌ ပွေ့ဖက်ခံထားရကြောင်း ခံစားလိုက်ရသည်။ နွေးထွေးလှသည့်လက်တစ်ဖက်က သူ၏ လက်မောင်းများကိုပွေ့ဖက်ထားပြီး ခပ်မျှင်းမျှင်းအသက်ရှုထုတ်လိုက်သည့်လေက သူ့ပခုံးပေါ်သို့ ခပ်သာသာရိုက်ခက်နေသည်။

Primus Persi ( မက်မွန်သီးအရက်) နံ့နှင့် အလားသဏ္ဍာန်တူသည့် အနံ့တစ်မျိုးက အခန်းထဲရှိလေထုထဲ၌ ဝေ့ဝဲနေသည်။ ထိုရနံ့သည် သူနှင့်ချီပေါ်ယန်တို့၏ Pheromoneနံ့များ ရောစပ်၍ ထွက်ပေါ်လာသည့် ရနံ့ဖြစ်သည်။ ထို့ကြောင့်ပင် ကျီးဝမ်သည် သူ့အား ပွေ့ဖက်ထားသည့်သူကို သိသွားခဲ့သည်။

အမှောင်ထုထဲ၌ ချီပေါ်ယန်၏ မှုန်ဝါးဝါးအသံက ထွက်ပေါ်လာခဲ့သည် " ကိုကို နိုးနေပြီလား?"

ကျီးဝမ်က မီးကိုလှမ်းဖွင့်လိုက်သည်။ အလင်းရောင်အောက်၌ ချီပေါ်ယန်သည် မျက်လုံးကိုတင်းတင်းဖိမှိတ်ထားကာ ရုတ်တရက်အလင်းနှင့်နေသားကျရန် မနည်းကြိုးစားနေရှာသည်။ ခဏမျှ မျက်တောင်ကိုပုတ်ခပ်ပုတ်ခပ်လုပ်ပြီးနောက် မျက်လုံးများကိုဖွင့်လိုက်သည်။ သူ၏ မျက်တောင်စိပ်လေးများက ယိမ်းခါနေပုံမှာ အလွန်ချစ်ဖို့ကောင်းလှသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now