Chapter (44)

5.8K 969 68
                                    

Unicode 🌻

ရန့်ရန်က ကျီးဝမ်ကောင်းဖို့အတွက်ပြောနေမှန်းသိသော်လည်း ရန့်ရန်ကို မြင်လိုက်တိုင်း သူ့၏ အတော်အတန်အဆိပ်သင့်နေခဲ့သည့် ဆက်ဆံရေးနှင့် အသုံးမကျခဲ့သည့် အတိတ်များအား ပြန်မြင်ယောင်လာမိသည်။

ထိခိုက်ဒဏ်ရာရပြီးသည့်နောက်ပိုင်း ကိုယ့်ကိုကိုယ်အထိခိုက်မခံနိုင်တော့သည့် ဆိုက်ကိုတစ်ခုဝင်သွား၍လားမသိ ထိုမှတ်ဉာဏ်များအား ပြန်လည်သတိရအောက်မေ့စေနိုင်မည့် မည်သူမဆို၊ မည်သည့်အရာဝတ္ထုပစ္စည်းကိုမဆို အတက်နိုင်ဆုံးရှောင်ရှားချင်မိနေသည်။

ရန့်ရန်အတွက် မတရားဘူးဟု ဆိုနိုင်သော်လည်း အခုအချိန်တွင် သူတစ်ယောက်တည်းသာ နေချင်သည်။ သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်နေမှန်းသိသော်လည်း ရန့်ရန်ကိုမြင်ပြီး ထိုအချိန်မှမှတ်ဉာဏ်များအား ပြန်လည်သတိမရချင်တော့ပေ။

ရန့်ရန်အား သူ့ဆီကို နောက်တစ်ခါထပ်မလာတော့ရန် ပြောလိုက်ပြီးသည့်အခါ ရန့်ရန်သည် ကျီးဝမ်စကား၏ အဓိပ္ပာယ်အား နားလည်သဘောပေါက်သွားဟန်ရသည် နောက်တစ်ကြိမ်ထပ်မလာခဲ့တော့ပေ။

ရန့်ရန်နှင့်ယှဉ်လျှင် ချီပေါ်ယန်သည် အတော်ပင် အသိတရားမရှိလှပေ။ သူသည် ကျီးဝမ်ဆီသို့ မကြာခဏလာရောက်ပြီး ကျီးဝမ်အား စကားများပြောကာ ပန်းများနှင့် အသီးအနှံများပို့ပေးပြီး သူကိုယ်တိုင်လုပ်ထားသည် စွပ်ပြုတ်များကိုလည်း မကြာခဏယူလာပေးသည်။

ကျီးဝမ်သည် သေချာပေါက်ပင် ထိုအရာများအားလုံးအား အမှိုက်ပုံးထဲသို့သာ ထည့်ပစ်လိုက်သည်။ ထို့ကြောင်း ချီပေါ်ယန်၏ မျက်နှာပေါ်ရှိ အမူအရာမှာလည်း တစ်နေ့တစ်ခြား ဆိုးဝါးလာခဲ့သည်။ ကျီးဝမ်သည် ချီပေါ်ယန်၏ မျက်နှာပေါ်မှ ဆေးမထည့်ထားသည့် ဒဏ်ရာကိုတွေ့မိတိုင်း စိတ်မကောင်းဖြစ်မိသော်လည်း အဆင်ပြေလားဟု မေးမနေတော့ပဲ မသိချင်ယောင်သာဆောင်နေလိုက်သည်။

ကိုယ်ချင်းစာတရားထားနိုင်ရန် စိတ်ဆန္ဒသည် အလုပ်မဖြစ်သေးခင်အချိန်အထိ ချီပေါ်ယန်တွင် ရွေးချယ်စရာမရှိပဲ တိတ်တဆိတ်ဖြင့်သာ ဆေးရုံခန်းထဲလာထိုင်နေလေ့ရှိသည်။ သူတို့နှစ်ယောက်သည် စကားအရင်စပြောနေတဲ့သူက အရှုံး ဆိုသည့်ကစားပွဲအား ဆော့နေသည့်အတိုင်းပင်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Où les histoires vivent. Découvrez maintenant