Chapter (19)

7.2K 1K 26
                                    

Unicode 🌻

ကျီးဝမ်သည် ချီပေါ်ယန်၏ လက်ဖဝါးပေါ်မှ သူ့လက်အား ဆွဲထုတ်လိုက်သည်။ ချီပေါ်ယန်သည် သူ့လက်အားတင်းတင်းကြပ်ကြပ်ကိုင်ထားခြင်းမျိုးမဟုတ်ပဲ သူ့ရည်ရွယ်ချက်သည် ကျီးဝမ်အား လက်စွပ်ဝတ်ပေးခြင်းသာဖြစ်ပြီး ကျန်အရာများအား သိပ်ပြီးဖိအားပေးချင်ပုံမရပေ။

နောက်ခဏအကြာတွင် ကျီးဝမ်သည် ချီပေါ်ယန်၏ ဘယ်ဘက်လက်အား ဆွဲကိုင်လိုက်သည်။ ထိုအခါ ချီပေါ်ယန်၏ မျက်လုံးအရောင်သည် လင်းလက်လို့သွားသည်။ သူဘာမှမပြောနိုင်သေးခင်မှာပင်။ ကျီးဝမ်သည် ချီပေါ်ယန်၏လက်အား သူ့အရှေ့သို့ ဆွဲယူလိုက်ကာ အင်္ကျီလက်ကိုအပေါ်သို့ လှန်တင်လိုက်သည်။

ချီပေါ်ယန် နောက်ဆုံးတစ်ခေါက်က ကျီးဝမ်အိမ်သို့လာသည့်အချိန်တွင် သူ(ချီပေါ်ယန်)သည် သူ့လက်ကောက်ဝတ်အား ဘာနဲ့ဖုံးထာခဲ့သလဲမသိပေမယ့် ကျီးဝမ်ဘာမျှသေချာသတိမထားမိလိုက်ပေ။ လက်စသတ်တော့ ထိုနေရာတွင် သံစဉ်နုတ်ပုံ (Music score) တက်တူးတစ်ခုရှိလို့နေသည်။

ချီပေါ်ယန် နောက်ဆုံးတစ်ခေါက်က ကျီးဝမ်အိမ်သို့လာသည့်အချိန်တွင် သူ(ချီပေါ်ယန်)သည် သူ့လက်ကောက်ဝတ်အား ဘာနဲ့ဖုံးထာခဲ့သလဲမသိပေမယ့် ကျီးဝမ်ဘာမျှသေချာသတိမထားမိလိုက်ပေ။ လက်စသတ်တော့ ထိုနေရာတွင် သံစဉ်နုတ်ပုံ (Music score) တက်တူးတစ်ခုရှိလို့နေသည်။

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

Music Score

သို့သော် ဒါသည် တက်တူးတစ်ခုတည်းမဟုတ်ပေ။ တက်တူးအောက်ဘက်ရှိ အရေပြားသည် အနည်းငယ်ဖောင်းကြွလို့နေသည်။ ထို့အရာသည် ပြင်းပြင်းထန်ထန်ဒဏ်ရာတစ်ခုမှ ကျန်ခဲ့သည့် အမာရွတ်ကဲ့သို့ပင်။

ကျီးဝမ်သည်လည်း အရင်ကတက်တူးထိုးခဲ့ဖူးသည်။ ဒီအရာသည် တက်တူးထိုးပြီးနောက်ကျန်ခဲ့သည့် အရာမဟုတ်ကြောင်း သေချာသိသည်။

ကျီးဝမ်သေချာမမြင်နိုင်ခင်မှာပင် ချီပေါ်ယန်သည် သူ့လက်အားပြန်ဆွဲယူလိုက်သည်။ "ကိုကိုနဲ့လက်ချင်းကိုင်ရတာကို ကျွန်တော်လည်း သဘောကျပေမယ့်... ဓာတ်ပုံဆရာက စိတ်မရှည်ဖြစ်နေလိမ့်မယ်"

Give Up (詬病) 🌻[MM translation U/Z ] (Completed)حيث تعيش القصص. اكتشف الآن