Chapter (59)

6.1K 982 137
                                    

Unicode 🌻

ကျီးဝမ်သည် C မြို့သို့ ဘေကျင်းစံတော်ချိန် ည၁၀တွင်ပြန်ရောက်ခဲ့သည်။ လေယာဉ်ပေါ်မှ ဆင်းလာပြီး ဖုန်းကို Airplane Mode ပိတ်လိုက်သည့်အခါ Noti များက အဆက်မပျက်ထွက်ပေါ်လာခဲ့သည်။ အားလုံးသည် ချီပေါ်ယန်ဆီမှဖြစ်သည်။

သူလမ်းလျှောက်နေရင်းဖြင့် ပို့ထားသည့်စာများကို တစ်ခုချင်းကြည့်လိုက်သည်။ ချီပေါ်ယန်က ဆဲဖီးလ်ပုံတစ်ပုံပို့ထားပြီး ကလေးဆိုးလေးလိုမျိုး ချွဲနွဲ့ကာဂျီကျထားသည့် စာများလည်း အတန်းလိုက်ပါရှိနေသေးသည် " ကျွန်တော်ကအခုမှ ကိုကို့ကို ပိုးပန်းနေတုန်းပဲရှိသေးတယ်... ကိုကိုက ကျွန်တော့်ကို လက်စွပ်တောင်ပေးနေပြီ ... လုံးဝမကောင်းဘူး"

" ကိုကို.... လိဖုန်းက လက်စွပ်ကို သူ့ဘာသာသူတွေ့သွားတာနော်... ကျွန်တော်တမင်သပ်သပ် ကြွားလိုက်တာမဟုတ်ဘူး"

" အရမ်းစိတ်တိုဖို့ကောင်းတယ်... Weiboမှာ Postတင်ချင်ယ်... ကျွန်တော် Postတင်လို့ရမလား... ကိုကိုဆုကိုပြန်သိမ်းမယ်ဆိုရင်လည်း ကျွန်တော့်မှာ အခြားလက်စွပ်တွေရှိတယ်.... အဲ့တာတွေအကုန်သိမ်းသွားလိုက်လို့ရတယ်"

" ကိုကို့ကို အိတ်ကပ်ထဲထည့်ပြီးခေါ်သွားချင်တယ်.... အဲ့တာမှ သတိရတဲ့အချိန် အိတ်ထဲကထုတ်ပြီးနမ်းလို့ရအောင်လို့"

" ကိုကို ... ချစ်တယ် ချစ်တယ် ချစ်တယ်"

ကျီးဝမ်သည် ထို့သို့သော တောင်စဉ်ရေမရ စာများအားလုံးကိုဖတ်ပြီးနောက် ထိုစာများထဲမှတစ်ခုကိုသာ Replyပြန်လိုက်သည် " Weiboမှာ Post တင်လို့မရဘူး"

ချီပေါ်ယန်ဘက်မှ အလျှင်အမြန်ပင်စာပြန်ပို့လာသည်။ သူသည် ကျီးဝမ်၏စာကိုတချိန်လုံးစောင့်နေပုံရသည်။ ထို့နောက် သူက ငိုနေတဲ့ယုန်လေးပုံပို့လာခဲ့သည်။

ကျီးဝမ်ကာ ပြုံးကာ ဖုန်းကိုပြန်သိမ်းထားလိုက်သည်။ ထို့နောက်သူ့အရှေ့တွင်ရှိနေသည့် ရှောင်ရွှိသည် စိတ်နဲ့လူနဲ့ကပ်ပုံမရပဲ ဓာတ်လှေတံခါးကြား၌ ညပ်မိလုနီးပါးဖြစ်သွားသည်ကိုတွေ့လိုက်ရသည်။

" ဘာဖြစ်နေတာလဲ? လေယာဉ်ပေါ်မှာလည်း မင်းစကားပြောချင်စိတ်မရှိတဲ့ပုံနဲ့?" ကျီးဝမ်ကမေးလိုက်သည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now