Chapter (32)

6.3K 976 19
                                    

Unicode 🌻

ညသန်းခေါင်ရောက်လာသည့်အခါ ပုဇဉ်းရင်ကွဲများ ကတေးသီလို့နေပြီး ခြင်များကတော့ ထုံစံမပျက်ပင် အေးချမ်းမှုအား ဖျက်ဆီးလို့နေသည်။ တိရိစ္ဆာန်များစွာအားသတ်ဖြတ်ပြီးနောက်မှာတော့ ချီပေါ်ယန်အား နှိုးလိုက်ဖို့ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သူမကြာခင် သွေးအားနည်းရောဂါဖြစ်တော့မည်။

ချီပေါ်ယန်အား အကြိမ်များစွာတွန်းနှိုးနေသော်လည်း ထိုသူ့ဘက်မှ လှုပ်ရှားမှုမရှိလာပေ။ ဘာကြောင့်များ သေကောင်ပေါင်းလဲအိပ်နေသလဲဆိုတာ သူမသိပေ။ အရမ်းပင်ပန်းနေလို့လား?

အထပ်ထပ်အခါခါ တွန့်ဆုတ်နေပြီးနောက် ကျီးဝမ်သည် ချီပေါ်ယန်အား ကောက်၍ချီမလိုက်သည်။ ချီပေါ်ယန်သည် သူထင်ထားသည်ထက်ပို၍ ပေါ့ပါးလို့နေသည်။ သို့သော်လည်း ချီမဖို့ရန်ခက်ခဲနေတုန်းပင်။ ဘာပဲဖြစ်ဖြစ် ထိုသူသည် Alphaတစ်ယောက်ဖြစ်သောကြောင့် ရှိသင့်ရှိထိုက်သည့် အရပ်နှင့်ကိုယ်အလေးချိန်ကတော့ရှိနေတုန်းပင်။

နောက်တစ်ခုက ထိုလူ၌ အဆီပိုများလည်းရှိမနေပေ။ ထိုသူသည် ကြယ်ပွင့်ဖြစ်လာသည့်အခါ အနုပညာပုံရိပ်အားထိန်းသိမ်းရန် မှန်ကြည့်လိုက်တိုင်း အမြဲကြည့်ကောင်းနေစေရန် Diet လုပ်ကာ ဝိတ်ချနေသလားမသိပေ။

ယနေ့၌လည်း ပရိုဂရမ်အဖွဲ့သည် ချီပေါ်ယန်အား ညစာမစားခိုင်းခဲ့သောကြောင့် ထိုသူသည် တကယ်ပင် ဘာမှမစားခဲ့ပေ။ အမြဲအကျင့်ဖြစ်နေသည့်ပုံစံမျိုးဖြင့် သူ(ချီပေါ်ယန်) သည် ထိုကိစ္စအား သိပ်အရေးမထားခဲ့ပေ။

ငယ်ရွယ်သည်ဆိုတိုင်း ခန္ဓာကိုယ်အား ဖြစ်သလို ပျက်စီးစေခြင်းသည် အမှန်ပင် စိတ်ပျက်ဖို့ကောင်းလှသည်။

ထိုပြဿနာကောင်လေး၏လက်သည် ကျီးဝမ်၏ပခုံးပေါ်မှတစ်ဆင့် လည်ပင်းအား သိုင်းဖက်လာသည်။ ကျီးဝမ်သည် နေရာ၌ရပ်တန့်သွားကာ တဖက်သူ၏ အိပ်ချင်သည့်အရိပ်အယောင်နည်းနည်းလေးမှရှိမနေသည့် မျက်လုံးများအားကြည့်လိုက်သည် " ငါ့ကိုလာနောက်နေတာလား?"

ချီပေါ်ယန်ကတော့နောင်တရသွားပုံမပေါ်ပေ" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ကိုကိုကျွန်တော်ကိုချီမယ်လို့ ကျွန်တော်မှမထင်ခဲ့တာ..."

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now