Chapter (25)

6K 1K 51
                                    

Unicode 🌻

ကျီးဝမ်သည် စုန့်ကယ်တို့အိမ်၌ တစ်ညနေခဲ့သည်။ ညလယ်ခေါင်တွင် စုန့်ကယ်သည် တရေးနိုးလာကာ ထအန်သောကြောင့် ကျီးဝမ်သည်လည်း အိပ်ယာပေါ်မှထကာ ပျားလိမ္မော်တစ်ခွက်ဖျော်ပေးလိုက်ရသည်။ ထို့နောက် ကြက်ဥနှင့် ခေါက်ဆွဲတစ်ပန်းကန်ပြုတ်လိုက်သည်။

စုန့်ကယ်သည် အစာအိမ်တစ်ခုလုံးကုန်စင်အောင်အန်ပြီးသည့်နောက် သွားတိုက် ပါးစပ်ဆေးကာ ခေါက်ဆွဲစားဖို့ရောက်လာသည်။ စားပြီးနောက် ကျီးဝမ်အား စိတ်လှုပ်ရှားစွာပြောလိုက်သည် "ငါတို့လက်ထပ်လို့ရအောင် မင်းကဘာလို့ Omega မဖြစ်ရတာလဲ? "

ကျီးဝမ်သည် မျက်နှာသေဖြင့်ပြောလိုက်သည် " မင်းကလှပါတယ်"

စုန့်ကယ်သည် ခေါက်ဆွဲအား ပါးစပ်အပြည့်တစ်လုပ်စားလိုက်သည် " ငါ့ကောင်မလေးဆို ငါအရက်မူးရင် ညစ်ပတ်ပြီး အန်တက်တယ်လို့ထင်နေတာ .. သူကငါ့ကို အရက်မသောက်ခိုင်းဘူး ဆေးလိပ်လည်းပေးမသောက်ဘူး နှစ်ပတ်လည်နေ့မှာတောင်တူတူရှိမနေပေးဘူး"

ပြောလေ ဝမ်းနည်းလေဖြစ်ပြီး သူ့အားနှစ်ပေါင်းများစွာဂရုစိုက်လာသည့် သူ့သူငယ်ချင်းအားကြည့်မိသောအခါ သူ့မျက်လုံးထဲ၌ နှစ်လိုဖွယ်ကောင်းသည်ဟု ထင်လာမိသည် " ဘယ်လိုလဲ? တကယ်တော့ မင်းအတွက် ငါကလေးမွေးပေးလို့မရတာလည်းမဟုတ်ဘူးလေ? စဉ်းစားကြည့်ပါဦး"

ကျီးဝမ်သည် ရယ်မောကာ ဆူပူလိုက်သည် " တော်ဆို တော်လိုက်တော့... စိတ်ညစ်လာရင် ငါပြန်သွားလိုက်မှာနော်"

စုန့်ကယ်သည် ဒရမ်မာမင်းသားဝင်ပူးခံလိုက်ရသလို ဝမ်းပန်းတနည်း ‌ငိုကြွေးနေလေသည်။

စုန့်ကယ်နှင့် ရန်ဖြစ်ပြီးနောက် နှစ်ယောက်သား အခန်းတစ်ခုစီတွင် အိပ်ယာဝင်ခဲ့ကြသည်။ နောက်တစ်နေ့၌ စုန့်ကယ်သည် သူနဲ့အတူ အဝတ်အစားသွားဝယ်ရန် ပူဆာလာသည်။

စုန့်ကယ်သည် ယခုအချိန်တွင် အလုပ်မလုပ်သေးဘဲ ပါရဂူဘွဲ့အတွက် ကျောင်းတက်နေဆဲဖြစ်သည်။ စုန့်ကယ်သည် ပညာရေးလမ်းကို လျှောက်နေရင်း ကျောင်းမှ ကျောင်းသူလေးတစ်ဦးနှင့် တွဲဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့မိပေ။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now