Chapter (53)

6K 1K 66
                                    

Unicode 🌻

ဟော်မုန်းထုတ်လွှတ်မှုများပြားနေကာ Pheromoneများအလွန်ပြည့်လျှံနေသည့်အချိန်၌ ဆုံးဖြတ်ချက်ချခြင်းကိုမပြုလုပ်သင့်ပေ။ ပြင်းထန်သော အားကစားပြိုင်ပွဲမှ ယူဆောင်လာသော နောက်ဆက်တွဲအကျိုးသက်ရောက်မှုကြောင့် အနည်းငယ်မျှသာ နှိုးဆွလိုက်ရုံဖြင့် နှလုံးသားအတွင်း၌ ကြီးမားသော မီးရှူးမီးပန်းများပေါက်ကွဲထွက်ကုန်သည်။

ဒါ့အပြင် ချီပေါ်ယန်က တကယ့်ကို ရိုမန့်တစ်ဆန်လွန်းလှသည်။ ကျီးဝမ်သည် ဘယ်လိုတုန့်ပြန်ရမယ်မှန်းမသိတော့ပေ။ သို့သော် ချီပေါ်ယန်၏မျက်လုံးများက ပို'ပို၍ လေးနက်လာသည်ကို ခံစားရပြီး ထိုသူ၏လက်ချောင်းများက သူ၏ပါးပြင်ထက်သို့ဖိကပ်လာကာ နမ်းတော့မလိုမျိုးပင်။

ရုတ်တရက်ထွက်ပေါ်လာသည့် ဒရုန်း(Drone) ၏အသံကြောင့် ကျီးဝမ်၏စိတ်သည် ပုံမှန်အခြေအနေသို့ပြန်ရောက်လာပြီး ချီပေါ်ယန်အား အထိတ်တလန့်ဖြင့် တွန်းထုတ်လိုက်မိသည်။ ထို့နောက် ကားထဲသို့ပြန်ဝင်ကာ ကားစစ်ဆေးပြုပြင်သည့်နေရာသို့ မောင်းထွက်သွားလိုက်သည်။

ထို့နောက် ကားထဲမှထွက်ကာ ဦးထုတ်အားဆွဲချွတ်လိုက်သည်။ သူ၏ပါးပြင်များသည် အပူလျှပ်ခံထားသလိုမျိုးနီရဲလို့နေသည်။ သို့သော် အပူလျှပ်ခံထားရသလိုမျိုးမဟုတ်ပဲ ကျီးဝမ်သည် သူ၏နှုတ်ခမ်းများကို စိတ်လှုပ်ရှားစွာဖြင့် ခဏခဏလျှာဖြင့်သပ်မိနေပြီး ထပ်ခါထပ်ခါစိုစွတ်နေစေသဖြင့် နှုတ်ခမ်းများမှာ သွေးရောင်ရဲရဲလေးဖြစ်လို့နေသည်။

ကားစစ်ဆေးပြုပြင်သည့်နေရာရှိ ဝန်ထမ်းများသည် သူ့အား နှစ်သိမ့်ပေးကြပြီး အချို့က လက်ဝါးချင်းရိုက်ကြကာ အချို့က ပြိုင်ပွဲသည်အလွန်စိတ်လှုပ်ရှားဖို့ကောင်းကြောင်းပြောကြပြီး အချို့က သူ့ကို တကယ့်တရားဝင်ပြိုင်ပွဲများတွင်ပါဝင်ရန်ဖိတ်ခေါ်ကြသည်။ ဆူညံပွတ်လောရိုက်မှုများကြား၌ သွမ့်ယင်ယွီသည်ဗုံးတစ်လုံးမျိုး မြန်ဆန်စွာရောက်ပြီး သူ့အား တစ်သင်းတည်းသားချင်းအနေဖြင့် ပွေ့ဖက်ရန်ပြေးလာသည်။

သို့သော်လည်း သွမ့်ယင်ယွီသည် လမ်းတစ်ဝက်၌ ချီပေါ်ယန်၏ တားဆီးခြင်းကိုခံလိုက်ရသည်။ ချီပေါ်ယန်က မျက်ခုံးများ ပင့်မြောက်ရင်းပြောလိုက်သည် " ငါ့ကို အရင်ဂုဏ်မပြုဘူးလား?"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now