Chapter (60)

5.9K 980 75
                                    

Unicode 🌻

ရေအောက်ကမ္ဘာသည်အလွန်မှ မှော်ဆန်လှသည်။ သန့်ရှင်းဆယ်ယူလို့ရသည့် အမှိုက်သရိုက်များအပြင် အခြားထူးဆန်းသည့်အရာများလည်း ရှိနေသေးသည်။ ကျီးဝမ်သည် မိုဘိုင်းဖုန်းအချို့ကို ကောက်ယူမိပြီး ဒီကမ်းခြေကိုလာပြီးရေကူးသူတစ်ယောက်က ရေစိုခံအိတ်နှင့် ရေကူးနေရင်းမှ အိတ်ကိုပင်လယ်ထဲ၌ ကျပျောက်သွားခြင်းဖြစ်လောက်မည်။

ထို့အပြင် ပုလဲဆွဲကြိုးများနှင့် ရှေးဟောင်းငွေအကြွေစေ့များကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။ တကယ်ကို ရတနာရှာဖွေရေးခရီးစဉ်လိုမျိုးပင် အလွန်မှ စိတ်ဝင်စားဖို့ကောင်းလှသည်။

သို့သော် မိုဘိုင်းဖုန်းများအား အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများအဖြစ် သတ်မှတ်ထားပြီး ဖုန်းထဲ၌ပါရှိသည့် ဘတ္တရီသည် ပင်လယ်ရေညစ်ညမ်းမှုကို ဆိုးဆိုးဝါးဝါးဖြစ်ပေါ်စေခြင်းကြောင့်ဖြစ်သည်။

သန္တာကျောက်တန်းများကို အရောင်လွင့်ပြယ်စေသည့် နေရောင်ခံကာကွယ်ဆေးများကဲ့သို့ပင် နောက်ဆက်တွဲရလဒ်များကြောင်ြ အဘက်ဘက်မှ အဆိုးသံသရာလည်နေမည်မှာ အသေအချာပင်။

သူတို့လုပ်ပေးနိုင်သည်က ကြည့်ရှုသူပရိတ်သက်များကို ပင်လယ်ရေညစ်ညမ်းမှုသည် မည်မျှဆိုးဝါးကြောင်း အသိပညာပေးခြင်းသာဖြစ်သည်။ လူတိုင်း၏ သသာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ချင်စိတ်ကိုမြှင့်တက်ပေးရမည်ဖြစ်ပြီး သဘာဝရားကိုသာမက လူတို့၏ပင်ကိုယ်အကျင့်စရိုက်များကိုလည်း‌ လမ်းမှန်ရောက်အောင်ဖြောင့်မတ်ပေးရမည်ဖြစ်သည်။

ထိုအချိန်၌ ချီပေါ်ယန်သည် ကျီးဝမ်အနားသို့ ကူးခပ်လာပြီး သူ၏လက်ကိုလှမ်းကိုင်ချင်နေပုံရသည်။

ရေအောက်၌ လူတိုင်းကစကားပြောလို့မရသဖြင့် ခန္တာကိုယ်အမူအရာနှင့်သာ ဖော်ပြလို့ရနိုင်သည်။

ကျီးဝမ်သည် ချီပေါ်ယန်က တစ်ခုခုဖြစ်နေသည်ဟုထင်သွားကာ သူ၏လက်ကို ပြန်၍ဆုပ်ကိုင်လိုက်သည်။

ထို့နောက် ချီပေါ်ယန်က လက်စွပ်တစ်ကွင်းကိုကိုင်ထားပြီး သူ၏လက်၌စွပ်ပေးလာသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now