Chapter (90)

5.6K 848 70
                                    

Unicode 🌻

ကျီးဝမ်မှာ ပြန်ဖြေချင်စိတ်လုံးဝရှိမနေတော့ချေ။ တကယ့်နာကျင်မှုကဘာလဲဆိုတာကိုသာ ချီပေါ်ယန်သိသွားအောင်လုပ်ပြစ်လိုက်သင့်သည်။

ထိုအတွေးက သူ့ခေါင်းထဲသို့ဖြတ်ကနဲဝင်ရောက်လာသည့်အချိန်မှာပင် ချီပေါ်ယန်က နာကျင်မှုဆိုတာကိုခံစားခဲ့ရဖူးကြောင်း ကျီးဝမ်သတိရမိသွားသည်။ ထိုသူက အနာကျင်ရဆုံးသော နှိက်စက်ညှင်းပန်းမှုကိုပင် ခံစားခဲ့ရပြီး ထိုအချိန်က ကျီးဝမ်မှာထိုသူ၏နဘေးတွင်ရှိမနေခဲ့ပေ။

ဖန်းရှန့်ယွင်သည် ကျီးဝမ်၏နှလုံးသားထဲသို့ ဆူးပင်စိုက်ခဲ့သော်လည်း ထိုဆူးပင်၏သက်ရောက်မှုသည် သူ(ဖန်းရှန့်ယွင်)တွေးထင်ထားသည်နှင့် ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု ဖန်းရှန့်ယွင်မျှော်လင့်ထားခဲ့မှာမဟုတ်လောက်ပေ။

သူသာ ကျီးဝမ်၏အကြောင်းကို ကောင်းကောင်းသိခဲ့လျှင် ကျီးဝမ်သည် ယုံကြည်ရာ၌ အလုံးစုံနှစ်မြှပ်ပေးဆပ်တက်သော အကျင့်မျိုးရှိသည်ကို သိနှင့်နေမှာဖြစ်သည်။

မိမိကိုယ်တိုင်အားနှစ်သိမ့်မှုပြုရန်အတွက်နှင့် မိမိ၏ချစ်သူနှင့် ခွဲခွါရမည်လား? ထိုမေးခွန်းမျိုးအား မေးစရာအကြောင်းကိုမရှိပေ။

နောက်ဆက်တွဲရလဒ်အနေနှင့်ကတော့ ကျီးဝမ်သည် သူ၏ သည်းမခံနိုင်စွမ်းအားလုံးကို ချီပေါ်ယန်၏ ရှေ့၌လုံးဝဥဿုံနီးပါး ခဝါချထားလိုက်ခြင်းပင်။

ချီပေါ်ယန်က သူ့အားစိတ်တိုဒေါသထွက်အောင်လုပ်လျှင်တောင် ချီပေါ်ယန်ခံစားခဲ့ရသော နာကျင်မှုများက ကျီးဝမ်အား နှစ်သိမ့်မှုအစားပေးနိုင်၏။

နောက်ဆုံးသော ရလဒ်ကတော့ ချီပေါ်ယန်အား အရာရာ အလိုလိုက်မိသွားပင်ဖြစ်သည်။

ဒီလိုမျိုးနောက်ဆက်တွဲကိစ္စများဖြစ်လာမည်ကို ဖန်းရှန့်ယွင်သာ ကြိုသိခဲ့လျှင် သူ၏အပုပ်စကားများအား ထိုအချိန်ကတည်းက အစာအိမ်ထဲသို့ပြန်မြိုချမိလောက်မှာဖြစ်သည်။

ချီပေါ်ယန်သည် စကားပြောပြီး'ပြီးခြင်းမှာပင် စိတ်ထဲမလုံမလဲဖြစ်သွားရသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now