Chapter (30)-Part(1)

6.1K 980 36
                                    

Unicode 🌻

မတ်တပ်ရပ်နိုင်အောင် ကူညီပြီးနောက် ကျီးဝမ်သည် ရွှံ့ကြာတောထဲသို့ တဖန်ပြန်ဆင်းကာ လေထဲတွင်သဲအိမ်ဆောက်နေသည့် သွမ့်ယင်ယွီ နှင့် ကျန်းမုရှန့်တို့နှစ်ယောက်သား၏ အားပေးပရိတ်သက်လုပ်ရန်ပြန်သွားခဲ့သည်။

ပြောရလျှင် သူသာချီပေါ်ယန်နှင့် အတူရှိနေလျှင် ရိုက်ကွက်ပိုရနိုင်သော်လည်း ကျီးဝမ်ကတော့ ထိုသို့မလုပ်ချင်ပေ။ ယခုရသစုံရှိုး၏ ကင်မရာများရှေ့မှာမှ ချီပေါ်ယန်နှင့် ပထမဆုံးတွေ့ဆုံဖူးသည့် သူစိမ်းတစ်ယောက်အဖြစ် ဟန်မဆောင်ချင်ပေ။

ကြာကန်ထဲ၌ နာရီပေါင်းများစွာကုန်ဆုံးပြီးနောက် လူတိုင်းသည် ကြာမြစ်များ တူးပြီးရင်း တူးနေကြကာ မိုးရေစိုထားသကဲ့သို့ ချွေးများဖြင့်စိုရွှဲနေကြသည်။ အကုန်အတူတူ တူးဖော်နေကြသောကြောင့် စကားတောင်မပြောအားတော့ပေ။

ကြာမြစ်ခြင်းတောင်းများ ပြည့်သွားသောအခါ လူလေးယောက်သည် ကမ်းပေါ်သို့ ကျားကုတ်ကျားခဲတက်ကာ ထိုနေရာ၌ အနားယူရန် လှဲချလိုက်ကြသည်။

ပရိုဂရမ်အဖွဲ့၏ တင်းကျပ်သောစည်းကမ်းချက်များကြောင့် ရိုက်ကူးရေးလုပ်ငန်းစဉ်အတွင်း လက်ထောက်များနှင့် မန်နေဂျာများက အကူအညီပေး၍မရသောကြောင့် ချီပေါ်ယန်၏ လက်ထောက်သည် နေရောင်အောက်တွင် အသားအရောင်များ နီရဲနေသည့် သူ့ကြယ်ပွင့်၏ အသားအရေအတွက် အဝေးကနေသာ စိတ်ပူပန်လို့နေခဲ့ရသည်။

လက်ထောက်သည် အထက်ကိုဖုန်းဆက်ပြီး ဘာဆက်လုပ်ရမလဲဆိုသည်အား မမေးရသေးခင်မှာပင် ရွှံ့ရုပ်ထုပုံစံဖြစ်နေသော လူတစ်ယောက်သည် အပေါ်သို့တက်လာကာ ဒါရိုက်တာကျန်းအား မေးလိုက်သည်ကို တွေ့လိုက်ရသည် " ဒီကြာမြစ်တွေကို ဆန်နဲ့လဲရမှာလား? ရွာထဲမှာသွားလဲရမှာလား?"

အပေါ်သို့တက်လာသည့် လူသည် တက်ကြွဖျတ်လက်သည့် Alpha ကျီးဝမ်ပင်ဖြစ်သည်။

သူ့ဘေးတွင်ရှိသည့် သွမ့်ယင်ယွီကတော့ သေလုမြောပါးပင်။ သူကရေရွတ်လိုက်သည် " ကျွန်တော်သိတယ် မန်နေဂျာ‌ကတော့‌ကျွန်တော့်ကို သန်ချင်နေမှာ.... ဒါပေမယ့် သူပဲ ကျွန်တော့်ကို ကွင်းပြင်မှာ စပါးစိုက်ရအောင် ဒီရသစုံရှိုးကို ပို့လိုက်တာလေ.... သူကတော့ပြီးပြီပဲ သူ့ရဲ့နှစ်ကုန် ဘောနပ်စ်ကတော့သွားပြီ..."

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now