Chapter (27)

5.9K 1K 44
                                    

Unicode 🌻

ဒေါက်တာချန်း၏ ဆေးရုံအသွင်အပြင်ပုံစံသည် လူအများမသိအောင် တမင်အသွင်ပြောင်းထားသောကြောင့် ဆေးရုံတစ်ခုနှင့်လုံးဝမတူပေ။ သို့မဟုတ်လျှင် အကယ်၍ အခြားသောကြယ်ပွင့်တစ်ဦးကသာ အသေးစား ဖျားနာကိုက်ခဲမှုဖြစ်၍ ဆေးရုံအားဝင်ထွက်နေသည်ဆိုပါက ပါပါရာဇီများသာ သိသွားခဲ့လျှင် ကိုယ်ဝန်ဖျက်ချခြင်း ဦီးနှောက်ကင်ဆာရှိခြင်း စသည်ဖြင့် အမျိုးမျိုးခေါင်းစဉ်တပ်ကာ ရေးသားကြပါလိမ့်မည်။

လိဖုန်းသည် ကျီးဝမ်အား ကားပေါ်တွင် ဒေါက်တာချန်းသည် အနုပညာနယ်ပယ်၌ အနုပညာရှင်အတော်များများ၏ Personal Doctor တစ်ဦးဖြစ်ကြောင်းရှင်းပြသည်။ သူသည် နှုတ်လုံကာ ယုံကြည်စိတ်ချရပြီး ဆေးပညာ၌အလွန်မှ ထူးချွန်ပြောင်မြောက်လှသည်။

ချီပေါ်ယန်သည် သူ၏ဆန္ဒအတိုင်း အကိုက်အခဲပျောက်ဆေးသောက်ခဲ့ပြီးဖြစ်သည်။ သူသည် ကားထောင့်နား၌ကျုံ့ကျုံ့လေးနေ' နေပြီး လုံခြုံရေးခါးပတ်ကိုတောင် ကျီးဝမ်တပ်ပေးထားရခြင်းဖြစ်သည်။

ကျီးဝမ် ကားပေါ်သို့တက်လိုက်ကတည်းက သူ့မျက်နှာအမူအရာသည် အေးစက်နေကာ မည်သည့်စကားမှမပြောတော့ပေ။ လိဖုန်းသည် လေထုအခြေအနေအား ပိုကောင်းလာရန် လုပ်ဆောင်နေသော်လည်း ကျီးဝမ်သည် သူ့စကားများအား ယဉ်ယဉ်ကျေးကျေးသာ တုံ့ပြန်နေပြီး လေထုအခြေအနေကတော့ တိုးတက်လာခြင်းမရှိပေ။

တစ်လမ်းလုံးတိတ်ဆိတ်စွာဖြင့် နာရီဝက်မျှမောင်းနှင်ပြီးနောက်  ဆေးရုံသို့ရောက်လာခဲ့သည်။ ဒေါက်တာချန်းသည် သူနာပြုနှစ်ယောက်နှင့်အတူ တံခါးဝ၌ သူတို့အားလာရောက်နှုတ်ဆက်သည်။ အကယ်၍ ချီပေါ်ယန်သည် မခံနိုင်အောင်နာကျင်ပြီး မလှုပ်ရှားနိုင်တော့မည်အား စိုးရိမ်သောကြောင့် ဝှီးချဲတစ်ခုပါ ယူလာခဲ့ကြသည်။

ချီပေါ်ယန်သည် ကားပေါ်မှဆင်းလိုက်ပြီး ဝှီးချဲအားမြင်လိုက်သောအခါ သူ့မျက်နှာသည် မဲမှောင်လို့သွားသည် " ငါမထိုင်ဘူး "

ကျီးဝမ်သည် ဘာစကားမှမပြောပဲ ချက်ခြင်းလှုပ်ရှားလိုက်ကာ နေမကောင်းသည့် ချီပေါ်ယန်အား ဝှီးချဲပေါ်သို့ ဖိချလိုက်သည်။ ထို့နောက် အံ့အားသင့်နေသည့် ဒေါက်တာချန်းအား လှမ်းပြောလိုက်သည် " ကျေးဇူးပြုပြီး သူ့ကိုမြန်မြန်ခေါ်သွားပေးပါ"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now