Chapter (80)

5.8K 943 59
                                    

Unicode 🌻

ရေချိုးပြီးနောက် ကျီးဝမ်သည် ချီပေါ်ယန်၏ Bathrobeကိုကြိုးမချည်ပဲဝတ်ဆက်ကာ ဧည့်ခန်းထဲသို့လျှောက်သွားလိုက်သည်။

ပြတင်းပေါက်များမရှိသည့်ဗီလာ၏ အားသာချက်ကိုအခုမှ သူသေချာနားလည်သဘောပေါက်သွားသည်။ အိမ်ထဲမှာဘာကြီးပဲလုပ်နေပါစေ ဧည့်ခန်းထဲ၌ ဗြောင်းဆန်နေလျှင်တောင်မှပင် ဓာတ်ပုံရိုက်ခံရမှာကို စိုးရိမ်ကြောက်ရွံ့နေစရာမလိုတော့ပေ။

ကျီးဝမ်၏ဆံပင်များက ရွဲစိုနေကာ သူ၏လက်တစ်ဖက်တွင် ရေထည့်ထားသည့်ဖန်ခွက်တစ်ခွက်ရှိလို့နေပြီး အခြားလက်တစ်ဖက်၌ ဆေးလုံးများရှိလို့နေသည်။ ထိုနောက် ချီပေါ်ယန်ကို၏ဆေးသောက်ခြင်းအမှုကို ကြီးကြပ်ကွပ်ကဲရန် ဆိုဖာဆီသို့သွားလိုက်သည်။

ချီပေါ်ယန်က အိပ်ချင်မူးတူးဖြစ်လျှက်ရှိသည် " နောက်မှသောက်လိုက်မယ်"

ကျီးဝမ်က ဆေးလုံးများအား သူ၏ပါးစပ်ထဲသို့ထည့်လိုက်သည်။ ချီပေါ်ယန်က သူ၏လှုပ်ရှားမှုများကိုသတိထားမိသွားကာ ချက်ခြင်းပင် မျက်လုံးများပြူးကျယ်လို့သွားသည်။ ချီပေါ်ယန်ဘက်မှ ဘာမှမတုန့်ပြန်နိုင်သေးခင်မှာပင် ကျီးဝမ်ကအရှေ့သို့ခါးကိုင်းကာ ချီပေါ်ယန်၏နှုတ်ခမ်းကိုနမ်းလိုက်သည်။ ထို့နောက် သူ၏ပါးစပ်ထဲမှဆေးလုံးများကို ချီပေါ်ယန်၏ပါးစပ်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

ချီပေါ်ယန်က ကျီးဝမ်၏လျှာဖျားပေါ်မှ ဆေးလုံးများကို သူ၏လျှာဖြင့် ဆွဲယူလိုက်ပြီးနောက် ကျီးဝမ်ကိုတွန်းထုတ်လိုက်သည် " ဒီဆေးက ပုံမှန်လူတွေအတွက်ဆိုးကျိုးရှိတယ်... အဲ့လို ပါးစပ်ထဲလျှောက်မထည့်ပါနဲ့ဗျာ"

ကျီးဝမ်သည် ချီပေါ်ယန်အား ရေခွက်ကိုကမ်းပေးလိုက်သည် " တကယ်လား? "

သူကတော့ ဂရုမစိုက်ပေ။ ထို့အပြင် သူသည်ချီပေါ်ယန်၏ မကျေနပ်မှုကိုအောင်မြင်စွာနှိုးဆွနိုင်ခဲ့သည်။ ချီပေါ်ယန်သည် ရေကိုမယူပဲ ပါးစပ်ထဲမှဆေးလုံးများကိုဒီအတိုင်းမျိုချလိုက်သည် " နောက်တစ်ခါ ဒီလိုပုံစံမျိုးနဲ့ ကျွန်တော့်ကို ဆေးမတိုက်နဲ့"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now