Chapter (66)

5.8K 926 38
                                    

Unicode 🌻

ချီပေါ်ယန်၏ အသံပိုင်းဆိုင်ရာတာဝန်ယူရသည် အော်ဒီယိုတာဝန်ရှိသူသည် ထိုစကားများကြောင့် အသက်ပြင်းပြင်းရှုမိကာ နားရှက်သွားရသည်။ သူသည်တကယ်ပင် ချီပေါ်ယန် ခပ်တိုးတိုးဆိုသည့်စကားသံကို ဖမ်းယူမိလိုက်သည်။

အနီးကပ် ဟော်မုန်းတိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ ကျီးဝမ်သာဆိုလျှင် ဘယ်လိုနေလိမ့်မည်လဲ။ သို့သော် ဒီလိုတိုက်ခိုက်မှုမျိုးသည် ကျီးဝမ် အပေါ်တွင်တော့သက်ရောက်မှုမရှိပေ။ သူက ချီပေါ်ယန်အား တွန်းထုတ်လိုက်ပြီး အမူအရာမဲ့လျှက် ဒိုင်ယာလော့များကိုရွတ်ဆိုတော့သည်။

ဟုတ်ပါသည်။ သူသည် 'လျို့ရှစ်လျို့စွေ့လျိုလောင်လျို့' ဆိုသည့်လျှာခလုပ်တိုက်သည့်စကားစုကို တဆက်တည်းအမှားအယွင်းမရှိရွတ်ဆိုမှာဖြစ်ပြီး မဟုတ်လျှင် မစ်ရှင်ကျရှုံးမှာဖြစ်သည်။
(T/N:လျို့ရှစ်လျို့စွေ့လျိုလောင်လျို့'( Tongue Twister) = Liùshíliù suì liú lǎo liù, xiūle liùshíliù zuò zǒumǎ lóu, lóu shàng bǎile liùshíliù píng sū hé yóu, mén qián zāile liùshíliù kē chuí yángliǔ, liǔ shàng shuānle liùshíliù gè dà mǎ hóu. Hūrán yīzhèn kuángfēng qǐ, chuī dàole liùshíliù zuò zǒumǎ lóu, dǎ fānle liùshíliù píng sū hé yóu, yādǎole liùshíliù kē chuí yángliǔ, xià pǎole liùshíliù gè dà mǎ hóu, qì sǐle liùshíliù suì liú lǎo liù.

သို့သော် ထိုစကားစုက အလွန်ရှည်လွန်းသဖြင့် ကျီးဝမ်မှာ ပြောနေရင်း လမ်းတဝက်၌ ထစ်သွားသည်။ ဒါရိုက်တာက ၁၀စက္ကန့် Count downလုပ်ပြီးနောက် ကျီးဝမ်မစ်ရှင်ကျရှုံးသွားသည်ဟု သတ်မှတ်လိုက်သည်။

ကျီးဝမ်က ဒုတိယအကြိမ်ခက်ခက်ခဲခဲပြန်လည်လုပ်ဆောင်သည့်အခါတွင် ဒေါက်ဖိနပ်ကအလွန်မြင့်နေသဖြင့် ခြေမငြိမ်ဖြစ်ကာ ချော်လဲကျသွားခဲ့သည်။ ထိုသို့လဲကျခါနီး၌ ဆွဲမိဆွဲရာဖြင့် သူ့အရှေ့ရှိ ကျန်းမုရှန့်၏ဘောင်းဘီခါးပတ်ကို လှမ်းဆွဲလိုက်သဖြင့် ကျန်းမုရှန့်မှာ ဘောင်းဘီကျွတ်ကျတော့မတက်ဖြစ်သွားသည်။

ကျန်းမုရှန့်က ဘောင်းဘီကိုအမြန်လှမ်းဆွဲကာ ပြောလိုက်သည် " လူအများကြီးရဲ့အရှေ့မှာ တစ်စုံတစ်ယောက်က ငါ့ဘောင်းဘီကိုဆွဲချွတ်ရဲတာ ဒါ နှစ်၃၀အတွင်း ပထမဆုံးအကြိမ်ပဲ... ငါ့ရဲ့ဟိုနေရာလေးကိုတောင် မကာကွယ်နိုင်ပဲနေတော့မလို့"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now