Chapter (67)

5.2K 892 30
                                    

Unicode 🌻

C မြို့သို့ပြန်ရောက်သည့်အခါ ကျီးဝမ်သည် စုန့်ကယ်နှင့်ဟောပေါ့ဆိုင်၌တွေ့ဆုံခဲ့သည်။ သူ ခိုးယူခဲ့သည့်ဆေးများကို စုန့်ကယ်အား ပေးကာ စစ်ဆေးရန်အတွက် အလုံးစုံယုံကြည်အပ်နှံလိုက်သည်။

စုန့်ကယ်က သူနှင့်စကားစမြည်ပြောကာ အခုတလော ချီပေါ်ယန်နှင့် ဘယ်လိုအခြေအနေရှိလဲဟု မေးမြန်းလာသည်။

ကျီးဝမ်ကချက်ခြင်းမဖြေပဲ အရက်တစ်ငုံအရင်သောက်လိုက်သည် " ငါအမြဲတမ်းခံစားနေရတယ်.... သူငါ့ကိုတစ်ခုခုဖုံးကွယ်ထားတယ်လို့ငါထင်နေတယ်"

စုန့်ကယ်သည် သူနှင့်ချီပေါ်ယန်တို့ကြားရှိ အရှုပ်အထွေးကိစ္စရပ်များကိုမသိသေးသလို ချီပေါ်ယန်နှင့်သူ ဘယ်လိုကနေဘယ်လိုချစ်သူဖြစ်သွားရတာလဲဆိုတာကိုလည်းမသိသေးပေ။ သူနှစ်ယောက်က မတူညီသည့်ကမ္ဘာနှစ်မှလာသည့်လူများနှင့်တူသည်။

စုန့်ကယ်က ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကိုသေချာမသိသဖြင့် သူ၏အတွေးကိုသာ ထုတ်ပြောလိုက်သည် " ချစ်သူတွေဆိုတာကတော့ အဲ့လိုပါပဲကွာ... ချစ်သူတွေမပြောနဲ့ အပြင်လူတွေကြားမှာတောင် လျို့ဝှက်ချက်ဆိုတာရှိသေးတာပဲ"

" သူကမပြောပြချင်ဘူးဆိုမှတော့ မင်းလည်းစိတ်ပူမနေနဲ့တော့"

" ဖောက်ပြန်တဲ့ကိစ္စလို ပြဿနာအကြီးကြီးမဟုတ်သရွေ့ ကျန်တဲ့အရာအားလုံးကို ပျော်ရွှင်စရာလို့ပဲငါသတ်မှတ်တယ်"

စုန့်ကယ်က သူ့အား ညှင်သာစွာနှစ်သိမ့်ပေးလာသည် " ငါ့ကောင်မလေးအကြောင်းပြောပြမယ်.... ငါနဲ့သူ(မ)ချစ်သူဖြစ်ပြီး နှစ်‌ဝက်လောက်ကြာတဲ့အထိ သူ(မ)ကအနုပညာရှင်တွေနောက်လိုက်ရတာ သဘောကျတယ်ဆိုတာကို ငါမသိခဲ့ဘူး... သူ(မ)ရဲ့ အရင်စောက်သုံးမကျတဲ့ ရည်းစားဟောင်းတွေက အနုပညာရှင်နောက်လိုက်တဲ့ကိစ္စက စိတ်ရောဂါနဲ့ဆိုင်တယ်လို့ပြောခဲ့ကြလို့ သူ(မ)က ငါ့ကိုအဲ့အကြောင်းတခါမှမပြောရဲခဲ့တာ"

ကျီးဝမ်က နောက်ထပ်အရက်တစ်ငုံထပ်သောက်လိုက်ပြီး မျက်ခုံးတန်းများကိုအနည်းငယ်ဖြေလျော့လိုက်သည် " ငါလည်းအဲ့လိုပဲဖြစ်ဖို့မျှော်လင့်ပါတယ်"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Tahanan ng mga kuwento. Tumuklas ngayon