Chapter (58)

5.6K 1K 126
                                    

Unicode 🌻

ထိုအခိုက်အတန့်၌ ချီပေါ်ယန်မျက်နှာမှာ နီမြန်းသွားသည်ဟု ကျီးဝမ်ထင်လိုက်သည်။

ဖုန်းထဲ၌ ချီပေါ်ယန်သည် ကုတင်ပေါ်တွင်လှဲနေကာ တဖက်သူက နှင်းဖြူရောင် ကုတင်ကြီးကိုနောက်ခံထား၍ ဟိုတယ်မှာရှိနေတာဖြစ်ကြောင်း ကျီးဝမ်အခုမှသတိထားမိလိုက်သည်။

ချီပေါ်ယန်က ခေါင်းအုံးပေါ်တွင်လှဲနေကာ ခဏလောက်တိတ်ဆိတ်သွားပြီးနောက် စိတ်ပျက်အားလျော့စွာပြောလာသည် " ကျွန်တော့်ကို လာစိန်မခေါ်နဲ့နော်.... မဟုတ်ရင် အလုပ်တွေအကုန်ပစ်ထားခဲ့ပြီး ကိုကို့အိမ်ကိုပြေးလာခဲ့မှာ"

ကျီးဝမ်၏နှလုံးသားလေးက လှုပ်ရှားသွားကာ သူတစ်ခုခုပြောတော့မည့်အချိန်၌ ချီပေါ်ယန်ကရုတ်တရက်ထထိုင်လိုက်သည် " တစ်ယောက်ယောက်တံခါးလာခေါက်နေလို့"  သူသိချင်စိတ်ဖြစ်သွားသည် " လိဖုန်းက အခန်းကဒ်ယူသွားဖို့မေ့ခဲ့လို့လား?'

" ဘယ်သူလဲဆိုတာ လူကြည့်တဲ့အပေါက်ကနေအရင်ကြည့်ဖို့မမမေ့နဲ့နော်... တံခါးကို လွယ်လွယ်မဖွင့်ပေးလိုက်နဲ့ဦး" ကျီးဝမ်ကသတိပေးလိုက်သည်။

ချီပေါ်ယန်က အပြုံးဖြင့်ပြောလာသည် " ကျွန်တော်က ကလေးလား ... ကျွန်တော် အဲ့ဒီလောက်နမော်နမဲ့မနိုင်ပါဘူးဗျာ"

ချီပေါ်ယန်ကလည်း အနုပညာရှင်ဖြစ်လာသည်မှာကြာပြီဖြစ်သဖြင့် ကိုယ့်ကိုကိုယ်အခြေခံကာကွယ်ရေးအသိကတော့ ရှိနေပြီးသားဖြစ်သည်။

ချီပေါ်ယန်က ဖုန်းကိုသူနဲ့တပါတည်းယူသွားသဖြင့် ပုံရိပ်များမှာ အလွန်ယမ်းခါနေပြီး ချီပေါ်ယန်က တံခါးကိုချက်ခြင်းမဖွင့်လိုက်သေးပေ။

ကျီးဝမ်သည် ဖုန်းထဲမှတဆင့်ခေါ်သံသံ့သဲ့ကိုကြားလိုက်ရပြီး တစ်စုံတစ်ယောက်က တံခါးအပြင်ဘက်မှနေ၍ ချီပေါ်ယန်၏နာအည်ကို လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

နောက်တခဏ၌ Video callမှာ ရပ်တန့်သွားခဲ့သည်။ ကျီးဝမ်၏ နှလုံးလေးမှာ ဒိန်းကနဲဖြစ်သွားပြီး ပြန်၍ ဖုန်းခေါ်လိုက်သော်လည်း ဆက်သွယ်လို့မရတော့ပဲ Busy ဖြစ်နေသည်ဟုသာ ပြနေသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now