Chapter (17)

7K 1K 42
                                    

Unicode 🌻

စုန့်ကယ်ဆီမှဖုန်းဝင်လာသည့်အချိန်တွင် ကျီးဝမ် အပြေးစက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်နေတုန်းပင် ဖြစ်သည် ။ ကျီးဝမ်သည်မောဟိုက်လို့နေကာ စုန့်ကယ်၏ ညစ်ပတ်ပတ်စကားများအား နားထောင်နေလိုက်၏ " Yo ... မမြင်ကွယ်ရာမှာ ဘာတွေလုပ်နေတာလဲ အစ်ကိုဝမ်?"

ဒီလူသည် မဟုတ်တရုတ်မလုပ်ရလျှင် သေသွားလိမ့်မယ်ဆိုတာကို သူသိသည်" မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့ ဘာကိစ္စရှိလို့လဲ?"

စုန့်ကယ်က အဓိပ္ပာယ်ပါ' ပါစကားများအားပြောလာသည်" အစ်ကိုဝမ် အသက်ကိုမှန်မှန်ရှူ... ကျွတ်စ် ကျွတ်စ် ကျွတ်စ်... အသံကမိုက်တယ်... Alphaဖြစ်ရတာကောင်းလိုက်တာ... အရမ်း ဆက်စီဖြစ်လွန်းတယ်"

ကျီးဝမ်သည် အပြေးစက်အားရပ်လိုက်ပြီး လက်တစ်ဖက်ကလည်း ဖုန်းချသည့်ခလုပ်အား နှိပ်ရန်ပြင်ထားလိုက်သည် "ဖုန်းချပြီ"

စုန်ုကယ် ကအမြန်ထပြောလိုက်သည်" နေဦး! မမေးရသေးဘူး... ရန့်ရန်ကဘာလို့ ငါ့အိမ်မှာရောက်နေတာလဲ?"

ကျီးဝမ်ရေတစ်ငုံသောက်လိုက်သည် "သူ မနေ့ညကမင်းအိမ်မှာ အိပ်မယ်လို့ပြောတယ်... မင်းကလည်းမူးနေတယ်ဆိုတော့ တယောက်ယောက်ကတော့ ဂရုစိုက်ပေးရမယ်လို့ထင်လို့လေ.. ဘာလဲ? ဘာဖြစ်လို့လဲ?"

ရန့်ရန်ငယ်ငယ်တုန်းက သူသည်ပြဿနာအရမ်းများသည့်သူဖြစ်သော်လည်း သူသည် လူကောင်းလေးဖြစ်သည်။ သူတို့ညီအစ်ကို ကောင်းများဖြစ်လာပြီးနောက် ပါးစပ်ကတော့ဓားလိုဆိုပေမယ့် နှလုံးသားကတော့တို့ဖူးလေးလိုပင်။
(T/N : ပါးစပ်ကြမ်းပေမယ့် နှလုံးသားကတော့နုတယ်ဆိုတဲ့သဘောပါ)

စုန်ကယ်သည် သည်းခံစိတ်သိပ်မရှိတာမို့ အမြဲရန့်ရန်နှင့်ပြဿနာဖြစ်လေ့ရှိသည်။ ထို့သို့ဖြစ်သည့်အခါ ကျီးဝမ်သည် အလယ်ကဝင်ရောက်ဖြန်ဖြေပေးရသည်။ ရန့်ရန်အား သူ့ဘက်က အဆက်အသွယ်စဖြတ်တယ်ဆိုတာကို မည်သူကမှမယုံပေ။

ကျီးဝမ်ကပြန်မေးလိုက်သည့်အခါ စုန့်ကယ်က ဘာမှမဖြစ်ပါဘူးဟုပြန်ပြောခဲ့ပြီး ဒီအတိုင်း အရင်တုန်းက မင်းတို့နှစ်ယောက်ကြား ဘာတွေဖြစ်ခဲ့လဲဆိုတာ သိချင်လို့ ဟုပြောလာသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Donde viven las historias. Descúbrelo ahora