Chapter (65)

6K 900 39
                                    

Unicode 🌻

တင်ပါးပြည့်ပြည့်လေးရှိသည့်ကျီးဝမ်ကတော့ အဝတ်အစားလဲရန် ဒီဇိုင်နာများ၏ ဆွဲခေါ်သွားခြင်းကိုခံလိုက်ရသည်။ သူက အရပ်ရှည်ကာ ချောမောခန့်ညားလွန်းနေသဖြင့် မိတ်ကပ်ဆရာကတောင် ဘယ်လိုပြင်ဆင်ပေးရလဲဆိုတာ ခေါင်းခဲသွားရသည်။

Cheongsam ဝတ်ဆင်ပြီးနောက် ကျီးဝမ်သည် အဝတ်လဲခန်း၏လက်ကာစနှစ်ခုအားဘေးသို့တွန်းဖယ်ကာ အခန်းထဲမှထွက်သည်။ ထိုအခါ မိတ်ကပ်ဆရာက ကျီးဝမ်၏ပုံစံကြောင့် သိသိသာသာစိတ်အေးသွားသည်။

Cheongsam ဝတ်ဆင်ပြီးနောက် ကျီးဝမ်သည် အဝတ်လဲခန်း၏လက်ကာစနှစ်ခုအားဘေးသို့တွန်းဖယ်ကာ အခန်းထဲမှထွက်သည်။ ထိုအခါ မိတ်ကပ်ဆရာက ကျီးဝမ်၏ပုံစံကြောင့် သိသိသာသာစိတ်အေးသွားသည်။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Cheongsam

ကျီးဝမ်သည် အနက်ရောင်ကိုယ်ကျပ် Cheonsam ဆိုဒ်အကြီးကိုဝတ်ဆင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်ကဘွားဘွားကြီးရွှီသည် အမိအဖကျေးဇူးအားမှန်းမျှော်လေးစားခြင်းကာလမပြီးဆုံးသေးသောကြောင့်ဖြစ်သည်။

ရွှီအိမ်ကြီး၏ အဓိကထောက်တိုင်ဖြစ်သည့် အိမ်ထောင်ဦးစီးအားဆုံးရှုံးသွားပြီးနောက် ရွှီမိသားစုဆက်လက်ရပ်တည်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်ရမည့်သူမှာ မုဆိုးမတစ်ဦးဖြစ်သည့် ဘွားဘွားကြီးရွှီသာဖြစ်သည်။

ထို့အတွက်ကြောင့်ပဲ အဘိုးကြီးဝမ်စန်းက ရွှီမိသားစုအား လက်ရဲဇက်ဖြင့် နိုင့်ထက်စီးနင်းပြုကျင့်ရဲခြင်းဖြစ်သည်။

မိတ်ကပ်ဆရာသည်လည်း မနေနိုင်စွာပဲ သူ၏အကြည့်များကို ကျီးဝမ်၏ရင်ဘက်ပေါ်၌ရပ်တန့်လိုက်ရသည်,။သူ(မ) ကြည့်လည်းကြည့်ချင်စရာပင်။ အဘယ့်ကြောင့်ဆိုသော် Cheongsam ဝတ်စုံ၏ ကိုယ်ထည်ကြယ်သီးများသည် ကျီးဝမ်၏ရင်အုပ်ကြွက်သားများကို ဆွဲကျုံ့ထားသဖြင့် ရင်သားကမို့မို့လေးဖြစ်နေသည်။ ခါးနောက်ကျောပိုင်းနှင့် အောက်ဘက်တင်ပါးတို့ကြားရှိနေရာလေး၌ ကောက်ကြောင်းလေးသည် ရင်ဖိုဖွယ်တည်ရှိနေသည်။ ပြည့်စုံသည့် ရင်ဘက်နှင့် ခပ်မို့မို့တင်ပါးတို့အလယ်ရှိ ခါးလေးသည်လည်း သွယ်လျှလို့နေသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Donde viven las historias. Descúbrelo ahora