Chapter (69)

6K 914 50
                                    

Unicode 🌻

ချီပေါ်ယန်ပြန်သွားသည့်အခါ ကျီးဝမ်သည် ကုတင်ပေါ်တွင်လှဲရင်း ခေတ္တမျှအနားယူလိုက်သည်။ ထို့နောက် နာကျင်ကိုက်ခဲနေသည့်ခန္တာကိုယ်အား အားယူကာထလိုက်သည်။ ခန္တာကိုယ်တစ်ခုလုံးက စေးကပ်နေကာ သက်တောင့်သက်သာမရှိလှပေ။ ထို့အပြင်ချီပေါ်ယန်က ကွန်ဒုံးသုံးရသည်ကို သဘောမကျပေ။

Alphaများကြား၌ ကိုယ်ဝန်မဆောင်နိုင်သော်လည်း သန့်ရှင်းရေးပြန်လုပ်ရသည်မှာ အလွန်စိတ်ပျက်ဖို့ကောင်းလှသည်။

သို့သော်လည်း ချီပေါ်ယန်၏ အထဲမှာပဲထုတ်လွှတ်ချင်သည့်စိတ်ကို ကျီးဝမ်နားလည်သည်။ အဘယ့်ကြောင့်ဆိုသော် Alpha တစ်ယောက်၏ ပိုင်ဆိုင်လိုစိတ်ကြီးသည့် စိတ်ဆန္ဒအရ သူတို့ချစ်ရသူ၏ခန္တာကိုယ်ထဲ၌ တစ်စုံတစ်ခုကိုချန်ရစ်ထားခဲ့ချင်သောကြောင့်ဖြစ်သည်။

ဥပမာအားဖြင့် Mark တို့လိုမျိုး၊ ခန္တာကိုယ်တွင်းမှထွက်လာသောအရည် တို့လိုမျိုးကိုဖြစ်သည်။

ရေချိုးပြီးနောက် ကျီးဝမ်သည် ချီပေါ်ယန် ထားရစ်ခဲ့သည့်ခရီးဆောင်အိတ်ကိုဖွင့်လိုက်သည်။ အထဲ၌ ညအိပ်ဝတ်စုံ၊ ရေချိုးသဘတ်၊ Skin careပစ္စည်းများနှင့် အရုပ်လေးတစ်ရုပ်တို့ဖြစ်သည်။

ဝက်ဝံရုပ်ကလေးသည် မီးခိုးရောင်ဖြစ်ကာ နှစ်အနည်းငယ်ကြာနေလောက်ပြီး ထိုအရုပ်အား ကျီးဝမ်ရင်းနှီးနေသည်ဟုခံစားရသည်။

ကျီးဝမ်က ထိုအရုပ်အား အချိန်ကြာမြင့်စွာကြည့်နေပြီးနောက် နောက်ဆုံးတော့ မှတ်မိသွားပြီး ကြောင်တောင်ဖြင့်ရယ်မောမိလိုက်သည်။

သူတို့ ပထဆုံးချိန်တွေ့သည့်နေ့၌ လူငယ်လေးနှစ်ယောက်သည် ဗီဒီယိုဂိမ်းစီးတီးသို့သွားခဲ့ကြသည်။ ကျီးဝမ်က အကြွေးစေ့မြောက်မြားစွာအသုံးပြု၍ ထိုအရုပ်လေးကိုအရယူခဲ့သည်။

ထိုအရုပ်က ရုပ်ဆိုးလှသည်ဟု ချီပေါ်ယန်ထင်သည်။ ထိုကြောင့် ချီပေါ်ယန်သည် လက်နှစ်ချောင်းဖြင့် ထိုအရုပ်ကိုကိုင်လျှက် ကျီးဝမ်အား ထိုအရုပ်ကိုအရမ်းကြိုက်ပါသည်ဟု နှလုံးသား၏ဆန္ဒအမှန်ကိုဆန့်ကျင်လျှက် ဟန်ဆောင်ပြောခဲ့သည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now