Chapter (14)

6.8K 1.1K 58
                                    

Unicode 🌻

သူတို့သုံးယောက် ဆိုင်ထဲမှထွက်လာသည့်အချိန်တွင် စုန့်ကယ်သည် အတော်ပင်မူးနေပြီဖြစ်သည်။ ကျီးဝမ်နှင့် ရန့်ရန်သည် စုန့်ကယ်အားပြန်ပို့ရန်တက္ကစီငှားလိုက်သည်။ စုန့်ကယ်သည် အတော်မူးနေကာ မျက်နှာများနီရဲလို့နေပြီး သူတို့နှစ်ယောက်အားဖက်ထားရင်း ငါတို့ကအကောင်းဆုံးညီအစ်ကိုတွေ ဟုအော်ဟစ်ငိုယိုနေလေသည်။

ကျီးဝမ်သည် သူ့အား ချော့မြူလိုက်သည်:"ကောင်း‌ပြီ ကောင်းပြီ မငိုနဲ့ အိမ်ပြန်လိုက်ပို့ပေးမယ်"

စုန့်ကယ်သည် ဒီလိုအခြေအနေမျိုးနဲ့ ဓာတ်လှေကားတောင်စီးနိုင်မည်ဟု မထင်သောကြောင့် အနည်းငယ်စိတ်ပူနေမိသည်။ စုန့်ကယ်၏ လက်မောင်းအား ကိုင်ထားရင်း ကျီးဝမ်ပြောလိုက်သည် :"ရှောင်ရန် မင်းဘာသာပြန်လိုက်တော့ ငါသူ့ကိုပြန်လိုက်ပို့လိုက်မယ်"

သူပြောပြီးပြီးချင်းမှာပဲ ရန့်ရန်ကပြောလာသည်:" တူတူပြန်ပို့ရအောင်"

စုန့်ကယ်ကရီမောလိုက်သည်:" သွား! သွားမယ် ငါ့အိမ်မှာ Second partyဆက်လုပ်ကြမယ်"

ကျီးဝမ် အနည်းငယ်ဆွံ့အသွားသည်။ အပြန်လမ်းတစ်လျှောက်တွင် စုန့်ကယ်အားသူသေချာဂရုစိုက်ပေးသည်။ အိမ်ရှေ့ရောက်သည့်အခါတွင်တော့ စုန့်ကယ်သည်လုံးဝမူးနေပြီး လဲကျလို့သွားသည်။ ကျီးဝမ်စိတ်ရှုပ်‌သွားသည်။

ကျီးဝမ်သည် စုန့်ကယ်အားသူ့နောက်ကျောပေါ်တွင်သယ်ဆောင်လိုက်ပြီး ရန့်ရန်အားပြောလိုက်သည်:"မင်းဘယ်လိုပြန်မှာလဲ?"

ရန့်ရန်ကခပ်တိုးတိုးပြောသည်:"စုန့်ကယ်က သူ့အိမ်မှာ Second partyလုပ်မယ်လို့မပြောဘူးလား ? အရင်တုန်းကလဲ သူမူးလာရင် သူ့အိမ်မှာငါတို့အိပ်လိုက်ကြတာပဲလေ ? ငါတို့နှစ်ယောက်လုံး မင်းအိမ်မှာတစ်ညလုံး ဂိမ်းလည်းတူတူဆော့ခဲ့ကြတာပဲမလား?" ကျီးဝမ်၏မျက်ခုံးများတွန့်ချိုးသွားသည်:
" မင်းကအခု Omegaဖြစ်နေပြီလေ အရင်တုန်းကလိုမျိုးလုပ်လို့မရတော့ဘူး"

ရန့်ရန်က‌အော်ပြောလိုက်သည်:" ငါက Omegaဖြစ်သွားနဲ့ မင်းတို့နဲ့ ညီအစ်ကို လုပ်လို့မရတော့ဘူးလား?"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now