Chapter (61) 🌻

8K 954 56
                                    

Unicode 🌻

ချီပေါ်ယန်၏ Susceptibility ကာလသည် ခန့်မှန်းထားသည့်အချိန်ထက်စော၍ ရောက်လာခဲ့ပြီး ရသစုံရှိုး၏ ယာယီဧည့်သည်ရောက်လာသည့် အပိုင်းအားရိုက်ကူးနေစဉ်တွင်ဖြစ်သည်။

ယခုအပိုင်း၏ ယာယီဧည့်သည်မှာ ကျန့်ချီဟုန်နှင့် ဝမ့်ချွမ်းဇာတ်ကားတွင် အတူသရုပ်ဆောင်ခဲ့ဖူးသည့် သူ(မ) သူချင်းဟောင်းတစ်ယောက်ဖြစ်သည်။ ရိုက်ကွင်းတည်နေရာသည် *ယင်ရှစ်မြို့တွင်ဖြစ်ပြီး ပရိုဂရမ်အဖွဲ့က ဝမ့်ချွမ်းဇာတ်ကား ပြန်လည်မွန်းမံရိုက်ကူးရန်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
(T/N: ယင်ရှစ်= Movie and Television)

သို့သော်လည်း ယင်ရှစ်မြို့တွင် ရိုက်ကူးရေးလုပ်မည့်ည၌ ချီပေါ်ယန်၏ Susceptibilityကာလ ရောက်လာလိမ့်မည်ဟု ဘယ်သူကမှမထင်ထားခဲ့ပေ။

ချီပေါ်ယန်က အစောကတည်းကကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော်လည်း ယခုတစ်ကြိမ် Susceptibilityလာသည် အရင်တစ်ကြိမ်ထက်ပို၍ သက်ရောက်မှုပြင်းထန်နေခဲ့သည်။

Alpha၏ Pheromone ဖိအားအောက်တွင် Beta များပါ နေရထိုင်ရခက်လာသည်။ ရိုက်ကူးရေးအဖွဲ့ထဲရှိတခြားသော Alphaများဆိုရင် လည်ပင်ရှိသွေးကြောများပါ ထောင်ထလာသည်။

ကံကောင်းစွာဖြင့် ရိုက်ကူးရေးအဖွဲ့ထဲရှိ Omegaများ၏ ကြိုတင်အကာအကွယ်မှာ အလွန်ကောင်းမွန်လှသဖြင့် ဘယ်သူကမှ Heatမဝင်သွားသော်လည်း အခြေအနေကတော့ အကောင်းကြီးမဟုတ်လှပေ။

ဒါရိုက်တာကျန်းက ရိုက်ကူးရေးကို ချက်ခြင်းရပ်နားလိုက်ပြီး လူစုခွဲကာ လူတိုင်းအား အနားယူခွင့်ပေးလိုက်သည်။

Alphaရဲ့အရည်အသွေးကပိုမြင့်လေ Susceptibilityကာလ၏ အသွင်အပြင် လက္ခဏာများကပိုသိသာလေဖြစ်သည်။ ထို Alphaများက သူတို့ရရှိထားတဲ့ ကိုယ်ကာယကျန်းမာသန်စွမ်းမှုများအတွက် အလျော်ပေးနေရသလိုပင်။

ယေဘုယျအားဖြင့် ပုံမှန်Alphaများက အဲ့လောက် ဒုက္ခမများလှပေ။ Susceptibilityကာလအား ကိုက်လက်နှီးနှောခြင်းဖြင့် ဖြေရှင်းနိုင်သလို ဆေးသုံးဆောင်၍လည်း ဖြေရှင်းနိုင်သည်။ ဆေးများက ခံစားရသည့်ဝေဒနာတဝက်လောက်ကို ပျောက်ကင်းစေနိုင်သော်လည်း ကျန်ရှိသည့်တဝက်မှာတော့ ကိုယ်တိုင်ပေါ်တွင်သာမူတည်သည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now