Chapter (39)

5.9K 982 43
                                    

Unicode 🌻

 
ကာကွယ်စောင့်ရှောက်သူနတ်ဘုရား၊ သက်ဝင်ယုံကြည်မှု၊ ဒီစကားလုံးနှစ်လုံးမှာ ဘယ်စကားလုံးပဲဖြစ်ဖြစ် ကျီးဝမ်က သူ့အတွက် မသင့်တော်ဘူးလို့ ထင်သည်။

သူသည် ချီပေါ်ယန်၏လက်ကောက်ဝတ်ကို သတိလက်လွတ်စိုက်ကြည့်နေတုန်းမှာပင် စကားဝိုင်း၏ ခေါင်းစဉ်အကြောင်းအရာသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။

တက်တူး၏နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များစွာရှိနေသေးပုံပေါ်သောကြောင့် ကျိုးချူးရွှယ်က ဘာမှထပ်မမေးတော့ချေ။

ကျီးဝမ်တောင်မှပင် ထိုတက်တူး၏နောက်ကွယ်မှ အဓိပ္ပာယ်ဖော်နိုင်ခဲ့သေးတာပင်၊ ချီပေါ်ယန်ကိုယ်တိုင်ကလည်း တစ်စုံတစ်ယောက်ရှာတွေ့သွားမည်ကို မစဉ်းစားခဲ့တာမျိုးတော့ မဖြစ်နိုင်လောက်ပေ။

ချီပေါ်ယန်ရဲ့ သံစဉ်နုတ်ဒ်နောက်ကွယ်က အဓိပ္ပာယ်ကို အခြားသူတွေသိသွားလဲ ဘာအရေးလဲ

အနုပညာလောကထဲတွင် နှစ်ယောက်တူတူတွဲတွေ့တာကို ဓာတ်ပုံရိုက်မိထားခြင်းများ၊ ဟိုတယ်ကိုအတူတကွ အဝင်အထွက်လုပ်သူတို့၏ ဓာတ်ပုံများ ထွက်ပေါ်လာခဲ့တာတောင်မှပင် ကာယကံရှင်များကိုယ်တိုင်ကသာ သေအောင်ငြင်းလျှင် ဘယ်သူကမှတွန်းအားပေးကာ အတည်ပြုလို့မရနိုင်ပေ။

မသိလိုက်မသိဘာသာဖြင့် ရသစုံးရှိုးရိုက်ကူးရေးသည် ၃ရက်မျှကြာမြင့်သွားပြီဖြစ်သည်။ လူတိုင်း၏ ရုပ်ပိုင်းဆိုင်ရာအားအင်များသည် ရက်အနည်းငယ်အတွင်းမှာပင် ချွတ်ခြုံကျသွားရသည်။ ဒါရိုက်တာကျန်းသည်လည်း သူတို့အား ခွန်အားစိုက်ရသည့် ကစားနည်းများ ထပ်၍မကစားခိုင်းတော့ပေ။ နောက်၂ရက်အတွင်း၌ ဉာဏပိုင်းစိုက်ထုတ်ရသည့် ရွာ၏ရိုးရာရေရှေးဟောင်းလက်မှုပညာဖြစ်သည့် အဝတ်အထည်ဆေးဆိုးခြင်းနှင့် ဆက်လျဉ်း၍ ရိုက်ကူးခဲ့ကြသည်။

ကျယ်ပြန့်လှသည့် ယဉ်ကျေးမှုအမွေအနှစ်များအား  နောင်လာမည့်မျိုးဆက်သစ်များ လွယ်လင့်တကူလေ့လာမှတ်ယူနိုင်ရန် ရသစုံရှိုးများမှတဆင့် လက်ဆင့်ကမ်းမျှဝေပေးရခြင်းဖြစ်သည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now