Chapter (41)

5.8K 914 14
                                    

Unicode 🌻

ကျီး၀မ် မျက်လုံးများအားဖွင့်လိုက်သည်။ အတိတ်တုန်းက နက်ရှိုင်းစွာဖြစ်တည်ခဲ့သည့်အချစ်များ၊ တလောကလုံးတွင် ထိုလူတစ်ယောက်တည်းကသာ ကိုယ့်အမြင်အာရုံများအား ပိုင်စိုးခဲ့သည့် ခံစားချက်များသည် အိမ်မက်ထဲတွင် ထင်ကျန်နေစဲပင်။ အိမ်မက်ထဲမှ တကယ့်လက်တွေ့ဘ၀ထဲသို့ပြန်ရောက်လာသည့်အခါ နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ ၀မ်းနည်းပူဆွေးမှုကိုခံစားလိုက်ရသည်။

အချိန်အားကြည့်လိုက်သည့်အခါ မနက် ၅နာရီရှိနေပြီဖြစ်သည်။ သို့သော် ကျီး၀မ်သည် ဆက်အိပ်လို့မရတော့ပေ။ သူထထိုင်လိုက်ပြီးနောက် ဘာမှလုပ်စရာမရှိသည့်အတွက် အရက်နှင့် ဆေးလိပ်သောက်ရန် ၀ရန်တာဆီသို့ ထွက်လာခဲ့ကာ ဖုန်းအား ဖြစ်သလိုဘေးသို့ပစ်ထားလိုက်သည်။

သူ့အိမ်သည် သိပ်မကျယ်လှပဲ ၀ရန်တာမှအပြင်ဘက်သို့လှမ်းကြည့်လျှင် မြင်ကွင်းကောင်းများမြင်နိုင်သည်။ အတိတ်တွင် ချီပေါ်ယန်သည် ၀ရန်တာရှိ ဆိုဖာတွင်ခြေချိတ်ထိုင်ကာ တစ်ခါတစ်ရံ မက်မွန်သီးဆိုဒါသောက်ပြီး ဂစ်တာတီးရင်း သီချင်းရေးစပ်ရသည်ကို  သဘောကျသည်။

ထိုအချိန်တုန်းကတော့ ချစ်ဖို့ကောင်းသည်ဟုထင်ခဲ့မိသည်။ သူ၏ချစ်ဖို့ကောင်းလှသည့် ချစ်သူလေးသည် အရက်မသောက်တက်ပဲ ဆိုဒါကိုသာသောက်တက်သောကြောင့် ပြန်ပေးဆွဲခံရမည့်အရေးအား စိတ်ပူစရာမလိုခဲ့ပေ။

ချီပေါ်ယန်သည် သကြားအား အလွန်ကြိုက်သည်။ ဘယ်လို သကြားအမျိုးအစားမဆိုသဘောကျသည်။ ထိုကောင်လေးက ကလေးအကြိုက်ရှိသည်ဟု ကျီးဝမ်ထင်မိသည်။ ထို့ကြောင့် ကျီးဝမ်သည် ကြက်ဥကြော်တိုင်း ချီပေါ်ယန် အလွန်ကြိုက်သည့် သကြားအား ထည့်ကြော်ပေးလေ့ရှိသည်။

ကျီးဝမ်သည် ကိတ်မုန့်ကိုပါ ကိုယ်တိုင်လုပ်ပေးချင်ခဲ့သည်။ သို့သော် နှမြောစရာကတော့ ချီပေါ်ယန်၏မွေးနေ့တွင် သူသည် ချီပေါ်ယန်အား ကိတ်မုန့်ပေးရမည့်အစား လမ်းခွဲခြင်းကိုသာပေးအပ်ခဲ့သည်။

ကျီးဝမ်သည် အမြဲပင် သင့်တော်သည့်အချိန်တွင် မှန်ကန်သည့် အရာများကိုသာလုပ်တက်သော်လည်း ထိုအရာသည် ကျီးဝမ်ဘ၀တွင်လုပ်ခဲ့ဖူးသည့် အရက်စက်ဆုံးလုပ်ရပ်ဖြစ်လောက်သည်။ ဘယ်သူကမှ အစွန့်ပြစ်ခံမဖြစ်ချင်သော်လည်း၊ နောက်ဆုံးတွင် ကျီးဝမ်သည် သူအချစ်ရဆုံးသူအား သူကိုယ်တိုင် စွန့်ပစ်လိုက်လိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ။

Give Up (詬病) 🌻[MM translation U/Z ] (Completed)حيث تعيش القصص. اكتشف الآن