Chapter (2)

9.9K 1.3K 31
                                    

Unicode 🌻
Chapter 2
ဘားကနေထွက်လာပြီးတဲ့နောက် စုန့်ကယ်က ကျီးဝမ်အား အိတ်တစ်အိတ် ကမ်းပေးလိုက်သည်:
" Happy Birthday
ဒါကမင်းအတွက်လက်ဆောင်"

'Happy birthday' ဆိုသည့်စကားက ကျီးဝမ်အတွက်တော့ အတိတ်ကအကြောင်းအရာတွေကို ပြန်လည်အမှတ်ရစေသည်။ ထိုနေ့ညက ချီပေါ်ယန်၏ အလွန်အကျွံထိတွေ့ခဲ့မှုများအကြောင်းစဉ်းစားမိသည့်အခါ ကျီးဝမ် သူ့အစာအိမ်ထဲက အရက်တွေကိုပါ အန်ထွက်ချင်မိသည့်အထိဖြစ်သွားသည်။

ကျီးဝမ်က နူးညံ့တဲ့အပြုံးလေးဖြင့်ပင် စုန့်ကယ်ဆီမှအိတ်အားလက်ခံယူလိုက်တယ်: "ကျေးဇူးပဲကွာ နောက်တစ်ခါကျမှ မင်းကိုတစ်ဝိုင်းဧည့်ခံမယ်"

စုန့်ကယ်က ပုခုံးတွန့်လိုက်ပြီး:" အေးပါကွာ အဲ့ဒီနောက်တစ်ခါဆိုတာက ဘယ်အချိန်ဖြစ်မလဲဆိုတာ ဘယ်သူကသိမှာလဲ နောက်ဆိုမင်းကသေချာပေါက်အလုပ်တွေများတော့မှာလေ"

ကျီးဝမ်ကတော့ထိုသို့မထင်ပေ:" မဟုတ်တာတွေ... ငါက ဒရမ်မာသာမရိုက်ရရင် ဘာမှလုပ်စရာမရှိတာ မင်းလည်းသိသားပဲ"

စုန့်ကယ်ကတော့ ကျီးဝမ် စပြီးပွဲဦးထွက်လာကတည်းက အောင်မြင်လာဖို့ အကြီးကြီးမျှော်လင့်ထားခဲ့ပင်။ သူ ကျီးဝမ်ကိုဆက်ပြောလိုက်သည်:" မင်းကဒီလောက်ချောနေတာကို ဘာလို့နာမည်မကြီးရမှာလဲ?"

အမှန်အတိုင်းပြောရလျှင် ကျီးဝမ်သည်အရမ်းကြီးအရမ်းမအောင်မြင်နေခြင်းမဟုတ်ပေ။ သူကသည်အောင်မြင်ကျော်ကြားဖို့ကိုလည်း စိတ်ဆန္ဒမပျင်းပြပေ ။ သူ့အတွက်တော့ သရုပ်ဆောင်အလုပ်က စားဝတ်နေရေးဖြေရှင်းဖို့အတွက်သက်သက်ပင်။

ကျီးဝမ်သည် စုန့်ကယ်အားနှုတ်ဆက်လိုက်ပြီး တက္ကစီပေါ်မှာပင် စုန့်ကယ်ရဲ့လက်ဆောင်ကိုဖွင့်ကြည့်လိုက်တယ်။ အထဲမှာတော့ *Pheromone cologne ဘူးကိုတွေ့လိုက်ရတယ်။ ထိုမြင်ကွင်းကြောင့် ကျီးဝမ်ခဏလောက်တော့ဆွံ့အသွားမိသည်။ သူက အဲ့ဒီ Pheromone cologne ဘူး ကိုဓာတ်ပုံရိုက်လိုက်ပြီး "?" သင်္ကေတ နဲ့အတူပုံကို Wechat ကနေတဆင့်စုန့်ကယ်ဆီကိုပို့လိုက်သည်။
(T/N: Pheromone cologneဆိုတာကရေမွှေးလိုသဘောမျိုးပါပဲ)

စုန့်ကယ်သည် ဤလက်ဆောင်အား ပြီး ပြီးရော ပေးခြင်းမဟုတ်ရပါ။ "အဲ့ Cologneရဲ့ အနံ့က ချီပေါ်ယန်ရဲ့ Pheromoneနံ့နဲ့တူတူပဲ... အဲ့တာကိုရဖို့ ငါ့ကောင်မလေးဆီက မနည်းတောင်းပန်ထားရတာ"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now