Chapter (84)

5.2K 914 40
                                    

Unicode 🌻

ရှီယောင်သည် ဒီနှစ်မှ ၁၉နှစ်သာရှိသေးပြီး ရည်းစားတစ်ခါသာထားခဲ့ဖူးသည်။ ရှီယောင်က အသက်၂၀ပြည့်ခါနီး၌ သူ၏ ဖူးစာဖက် Alphaနှင့်တွေ့ဆုံခွင့်ရခဲ့ခြင်းကြောင့် သူ့ကိုယ်သူကံကောင်းသည်ဟုထင်မိသည်။

100% လိုက်ဖက်ညီမှုရှိသည်မှာ ရှားပါးလှသည့်ဖြစ်ရပ်ပင်ဖြစ်သည်။ လူအများစုသည် သူတို့၏ဘဝသက်တမ်းတလျှောက်၌ သူတို့၏ မိတ်ဖက် Alphaသို့မဟုတ် Omegaတို့နှင့်မတွေ့ဆုံနိုင်ကြပေ။

ကျီးဝမ်သည်လည်း သူနဲ့ထပ်တူခံစားနေရလိမ့်မည်ဟု ရှီယောင်ထင်ခဲ့မိသည်။ သို့သော် ကျီးဝမ်မှာချစ်သူရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူဖွင့်ပြောသည့်အချိန်မှာပင် အသဲကွဲသွားရသည်....

နှလုံးသားထဲ၌ ပြောပြချင်သည့်စကားများစွာရှိနေပြီး ရှီယောင်သည် ဒီလိုမျိုး လွယ်လွယ်နှင့်လက်မလျော့လိုက်ချင်ပေ။ သို့သော်လည်း သူ၏ဖူးစာဖက်သည် ချစ်သူရှိနှင့်နေပြီးဖြစ်သဖြင့် သူဘာဆက်လုပ်ရပါတော့မလဲ?

ရှီယောင်က လက်ထဲရှိ ဇာတ်ညွှန်းစာအုပ်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ ထို့နောက် သွေးမရှိသလိုဖြူဖျော့နေသည့် သူ၏မျက်နှာကိုအောက်သို့ငုံ့ထားရင်း တိတ်တဆိတ်မတ်တပ်ထရပ်လိုက်သည် " ဟုတ်ကဲ့ ကျွန်တော်သိပါပြီ ကျီးလောင်ရှီး"

သူ ဘာများလုပ်လို့ရနိုင်မှာလဲ? သေချာတာကတော့ သူငယ်ချင်းမိတ်ဆွေဆိုသည့် ကန့်သတ်စည်းကိုသာ ထိန်းသိမ်းထားလို့ရနိုင်မှာဖြစ်သည်။ သူဘက်က ပိုးပန်းချင်တောင် ကျီးဝမ်က စင်ဂယ်ဖြစ်တဲ့အချိန်ထိစောင့်နေရဦးမှာဖြစ်သည်။

အဲ့လိုမှမဟုတ်ပဲ အခုအချိန်မှာသာ သူဘက်ကစတင်ကျူးကျော်တိုက်ခိုက်လျှင် ရှီယောင်သည် သူ၏နှလုံးသားတံတိုင်းကို ကျော်ဖြတ်နိုင်ဦးမှာမဟုတ်သေးပေ။

သူ့အတွက် အရှုံးပေးရန်မှာ အမှန်တကယ်ကိုခက်ခဲလွန်းသည်။ ထို့ကြောင့် သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာက စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။

သို့သော် ထိုနေ့မှစ၍ ရှီယောင်၏ကျီးဝမ်ကိုတွေ့မြင်နေနိုင်မည့် အခွင့်အရေးမှာ မှေးမှိန်လာခဲ့သည်။ ဇာတ်လမ်းအစ၌ သူတို့နှစ်ယောက်တူတူရှိနေရမည့် ရိုက်ကွက်သိပ်မရှိပေ။ အများအားဖြင့် သူနှင့်ရှန့်လီ သို့မဟုတ် ကျီးဝမ်နှင့်ရှန့်လီတို့၏အခန်းများသာဖြစ်သည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now