Chapter (76)

5.4K 990 107
                                    

Unicode 🌻

ထိုစကားများကိုပြောနေရသည့် ဖန်းရှန့်ယွင်၏ ရည်ရွယ်ချက်မှာ ကျီးဝမ်အား ပြိုလဲသွားစေရန်ဖြစ်သည်။ ကျီးဝမ်ကသာ ထိုကိစ္စကြောင့် ချီပေါ်ယန်၏ဘေးမှဖယ်ခွာသွားလျှင် သူ၏ အကြံအစည်များအောင်မြင်နိုင်ခြေပိုရှိသွားမှာဖြစ်သည်။

သူနဲ့ ချီပေါ်ယန်တို့၏ လက်ထပ်ပွဲက အဆုံးသတ်သွားလို့မဖြစ်ပေ။

အချစ်စစ်ဆိုတာ ဘာတွေများ စောက်ရေးပါနေလို့လဲ။ ဖန်းရှန့်ယွင်က ထိုအရာအပေါ် ဘယ်သောအခါမှ အယုံအကြည်မရှိခဲ့ပေ။ သူက အဆုံးသတ်တိုင်း၌ သူရရှိမည့်အကျိုးအမြတ်ကိုသာ ယုံကြည်ကိုးကွယ်သည်။

အမှန်အတိုင်းဆိုရလျှင် ဖန်းမိသားစုသည် အစကတည်းက ချီပေါ်ယန်ကသူနဲ့မသင့်တော့သဖြင့် သူ့ကို လက်လျော့ခိုင်းခဲ့ကြသည်။

ထို့အပြင် တဖက်လူက စိတ်ကစဉ့်ကလျားရောဂါခံစားနေရပြီး ထိုရောဂါသည် မွေးဖွားလာသည့်ကလေးများထံသို့ မျိုးရိုးဗီဇလက်ဆင့်ကမ်းနိုင်သဖြင့် လက်တွဲဖော်တစ်ယောက်အဖြစ်ရွေးချယ်ရန် လုံးဝမသင့်တော့လှပေ။

သို့သော် ဖန်းရှန့်ယွင်ကတော့ ချီပေါ်ယန်ကိုလိုချင်သည်။ သူက ချီပေါ်ယန်ကို ကယ်တင်ခဲ့သည်။ ထို့ကြောင့် ချီပေါ်က ကံတရားကိုမဟုတ်ပဲ သူ့ကိုသာကျေးဇူးတင်နေသင့်သည်။ ဒီနှစ်တွေအတွင်း၌ ချီပေါ်ယန်ကတော့ ကျီးဝမ်အတွက်ကြောင့်နဲ့ ထိုစေ့စပ်စာချုပ်ကို ဖျက်သိမ်းရန် တချိန်လုံးစဉ်းစားနေခဲ့သည်။

ဘာကြောင့်လဲ?

ကျီးဝမ်က ဘာတွေများ အဲ့လောက်တောင် ကောင်းနေလို့လဲ?

ဖန်းရှန့်ယွင်သည် သူ့အရှေ့တွင်ရှိနေသည့် ကျီးဝမ်အား ကြည့်လိုက်သည်။ ညှိုးနွမ်းပင်ပန်းကာ ချောမောလှသည့်မျက်နှာ နှင့် ပြင်းပြင်းထန်ထန် တုန်လှုပ်ခြောက်ခြားသွားပုံရသည့် မျက်နှာအမူအရာတို့ကြောင့် ဖန်းရှန့်ယွင်သည် သူအခုပြောလိုက်သည့်စကားလုံးများက ဖျက်ဆီးနိုင်သည့်သက်ရောက်မှုအားကောင်းလှသဖြင့် စိတ်ကျေနပ်သွားသည်။

သို့သော်လည်း ကျီးဝမ်၏မျက်နှာပေါ်ရှိ တုန်လှုပ်မှုများက ခဏတာမျှ ပေါ်ပေါက်လာခြင်းသာဖြစ်ပြီး မကြာခင်မှာပင် မျက်ခုံးတန်းများက ပြန်လည်ပြေလျော့သွားကာ တဖက်လူအား ပြောဆိုလိုက်သည်" ငါ့ကို ဒီကိစ္စတွေ လာပြောပြနေရတဲ့ရည်ရွယ်ကဘာလဲ?"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Tempat cerita menjadi hidup. Temukan sekarang