Chapter (33)

5.9K 946 14
                                    

Unicode 🌻

  
ဂရိုဂရမ်အဖွဲ့၏ တောင်းဆိုချက်ကြောင့် 'မင်းကလာပြီးသရုပ်ဖော်လှည့် ငါကတော့အဖြေပေးမယ်' ဂိမ်းအားဆက်၍ဆော့ခဲ့ကြသည်။ သူတို့၅ယောက်သည် သတ်မှတ်ထားသည့်အချိန်အတွင်း၌ မှန်ကန်စွာဖြေဆိုနိုင်ခဲ့ကြပြီး ဂိမ်းအားအောင်မြင်သည်ဟု ယူဆသောကြောင့် လူတိုင်းမနက်စာစားခွင့်ရခဲ့ကြသည်။

ကျိုးချူးရွှယ်သည် အခုမှ ရှိုးကိုရောက်လာသူဖြစ်သဖြင့် အစားအစာနှင့်ပတ်သက်လာသည့်အခါ ဧည့်သည်များအနေဖြင့် ဘယ်လောက်တောင် ခက်ခဲပင်ပန်းလှသည်အား သူမသိသေးပေ။ ဒါရိုက်တာကျန်းဆီမှ မနက်စာစားလို့ရပြီဖြစ်ကြောင်း ခွင့်ပြုချက်ရသည့်အခါ လူတိုင်းသည် လက်ခုပ်လက်ဝါးတီးကာ အောင်ပွဲခံကြသည့်အချိန်အထိ သူ(မ)သည် ကြောင်တောင်တောင်လေးဖြင့် အခြေအနေနှင့်နေသားကျပုံမပေါ်ပေ။

ချီပေါ်ယန်သည် အသံတိုးတိုးဖြင့် ရှိုး၏ စည်းမျဉ်းစည်းကမ်းများကို သူ(မ)အားရှင်းပြပေးနေသည်။ သူတို့နှစ်ယောက် စကားပြောနေသည့်အချိန်ကိုက်ပင် ကင်မရာသည် သူတို့ရှိရာဆီသို့ချိန်ရွယ်လာခဲ့သည်။ ကျီးဝမ်နှင့် လူတိုင်းသည် သူတို့အားကြည့်ကာ ရယ်မောလိုက်ကြသည်။ ယခုရှိုးသာ တီဗီ၌ထုတ်လွှင့်သည့်အခါ ထိုသူနှစ်ယောက်အတွက် စိတ်ကူးယဉ်အချစ်ပုံရိပ်လေးများပါ ထည့်သွင်းတည်းဖြတ်ပေးမည်မှာ မလွဲဧကန်ပင်။

ကျိုးချူးရွှယ်သည် အသစ်ရောက်လာသည့် ဧည့်သည် အနေဖြင့် မနက်စာ ဖရီးစားနိုင်သော်လည်း စားသောက်ပြီးသည့်အခါတွင်တော့ နောက်ထပ်တနပ်စာအတွက် အလုပ်လုပ်ခြင်း သို့မဟုတ် ပြိုင်ပွဲယှဉ်ပြိုင်ခြင်းတို့တွင်သာ အားကိုးအားထားပြုရမည်ဖြစ်သည်။

ဒါရိုက်တာကျန်းသည် စားစရာရရှိနိုင်ရန်အတွက် Box ထဲတွင် နည်းလမ်းနှစ်ခုထားရှိပေးထားမည်ဖြစ်သည်။ အကယ်၍ ဧည့်သည်များက အလုပ်လုပ်ရန် ရွေးချယ်ခဲ့လျှင် လူတိုင်းသည် အလုပ်လုပ်ကြရမည်ဖြစ်သည်။ နောက်ဆုံးတွင် အလုပ်အကြိုးစားဆုံး ဧည့်သည်နှစ်ယောက်သည် အစားအသောက်စားခွင့်ရမည်ဖြစ်ပြီး ကျန်သူများသည် ယမန်နေ့ကလိုပင် မဲနှိုက်ရမည်ဖြစ်ကာ တစ်ယောက်ကတော့ စားသောက်ခွင့်ရမည်မဟုတ်ပေ။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Onde histórias criam vida. Descubra agora