Chapter (99) Extra Story 3 (မင်္ဂလာပွဲ)

2.9K 330 27
                                    

Unicode 🌻

Chapter (99) Extra Story 3 (မင်္ဂလာပွဲ)

မီးဖယောင်းတိုင်များနှင့် ပန်းပွင့်များဝေဆာနေခဲ့သော Pre-wedding အပြီး၌ ကျရောက်လာသည်မှာ တရားဝင် ထိမ်းမြားလက်ထပ်ခြင်း မင်္ဂလာအခမ်းအနားပင်ဖြစ်လေသည်။

သူတို့ နှစ်ဦးစလုံးမှာ အခမ်းအနားကိစ္စအလုံးစုံအား ရိုရှင်းစွာ ဇာချဲ့မနေဘဲ တော်သင့်ရုံသာ စီစဉ်ထားသော်ညား မနက်စောစောထကာ အဝတ်အစားလဲခြင်းနှင့် မိတ်ကပ်ပြင်ဆင်ခြင်း အမှုကိစ္စတို့အား မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်နေဆဲပင်။

လိဖုန်း တံခါးလာခေါက်သည့်အချိန်သည် ချီပေါ်ယန်နှင့် ကျီးဝမ်တို့က သူတို့၏ အချစ်ဇာတ်အား နိဂုံးချုပ်အပြီးသတ်ပြီး တစ်နာရီအကြာတွင်ဖြစ်သည်။ ချီပေါ်ယန်မှာ မိနစ်၄၀မျှ အိပ်စက်ပြီးဖြစ်ကာ ကျီးဝမ်မှာတော့ အစောကတည်းက မေ့မျောသွားခဲ့ခြင်းဖြစ်ရာ ချီပေါ်ယန်ထက် အနည်းငယ်မျှပို၍ အိပ်စက်ခဲ့ရလေသည်။

ကျီးဝမ်သည် သူ၏ခြေကုန်လက်ပန်းကျနေသော ခန္ဓာကိုယ်အား တရွက်တိုက်ဆွဲထလျှက်ပင် ယနေ့မှာ သူတို့၏ မင်္ဂလာပွဲရှိသည်ဟူသော အရေးကြီးသည့် အကြောင်းပြချက်တစ်ခုက ဦးနှောက်ထဲသို့ ဖျက်ကနဲဝင်ရောက်လာသည်။ ထိုအခါမှသာ အိပ်ယာပေါ်မှ ကမန်းကတမ်းကုန်းရုန်းထပြီး သန့်ရှင်းရေးအမြန်လုပ်ကာ အဝတ်အစားများကို လဲလှယ်လိုက်သည်။

ထိုအချိန်အတွင်း၌ ကုတင်ပေါ်ရှိ ချီပေါ်ယန်မှာတော့ လှုပ်ရှားရန် ရုန်းကန်ဆဲပင်ဖြစ်သည်။ ဖရိုဖရဲဖြစ်နေသော ဆံပင်များမှာ ခြုံစောင်အောက်ရှိ ကျီးဝမ်ဆီမှကြွင်းကျန်ခဲ့သော အနွေးဓာတ်ကလေးဆီ၌ ကပ်တွယ်လို့နေလေပြီး ထိုပုံစံကပင် သူ၏ မနက်ခင်းမအီမသာပုံစံလေးဖြစ်လို့နေလေသည်။

ကျီးဝမ်သည် လက်အစိုဖြင့် ကုတင်ဆီသို့လျှောက်လာကာ ချီပေါ်ယန်၏မျက်နှာအား ခပ်သာသာလေးပုတ်လိုက်ပြီး ထိုသူအားအနည်းငယ်မျှ နိုးကြားလာစေရန်ရည်ရွယ်လိုက်သည်။ ချီပေါ်ယန်က မျက်မှောင်ကြုံ့ကာ ' ကောင်းကင်ကြီးပြိုကျသွားရင်တောင် ကျွန်တော့ရဲ့ အိပ်စက်ခြင်းကို နှောက်ယှက်ဖို့မစဉ်းစားနဲ့' ဟူသော အမူအယာမျိုးကို ပြလာသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now