Chapter (22)

6.3K 1K 61
                                    

Unicode 🌻

သူတို့ ၂ယောက် ဘားကိုပြန်သည့်အခါတွင် ဖြတ်လမ်းအနေဖြင့် ထိုနောက်ဖေးလမ်းကြားကပင် ပြန်ခဲ့ကြသည်။ ချီပေါ်ယန်သည် ဆိုင်ရှင်အန်တီပေးသည့် Coke ဘူးကိုကိုင်ထားရင် ကျီးဝမ်နှင့် ရှေ့ဆင့်နောက်ဆင့် လမ်းလျောက်လာခဲ့ကြသည်။

သူတို့ အကင်စောင့်နေတုန်းက ကျီးဝမ်သည် ဆေးဆိုင်သို့သွားကာ Pheromone ထိန်းချုပ်ပလာစတာကို ဝယ်ထားပြီးဖြစ်သည်။ သူထို ပလာစတာအား ကပ်ပြီးမှသာ ချီပေါ်ယန်အနားသို့ကပ်ရဲတာဖြစ်သည်။

ဒါတောင်မှပင် ကျီးဝမ်သည် ချီပေါ်ယန်နှင့် သူကြားတွင် အကွာအဝေးတစ်ခု ခြားထားဆဲပင်ဖြစ်သည်။

ချီပေါ်ယန်သည် ထိုအကွာအဝေးအား စိတ်ကုန်သွားပုံရပြီး သူခြေလှမ်းများအား ရပ်တန့့်လိုက်ကာ အနောက်သို့လှည့်ကြည့်လာသည်။ လေတချက်အဝှေ့၌ သူ့ Pheromoneများကပါ လွင့်ပါလာသည်။

Omegaလေး၏ Pheromoneသည် နှင်းဆီပန်းရနံ့ဖြစ်ပြီး ထိုရနံ့သည် ဖျော့သည်ဟု ကျီးဝမ်ထင်မိသော်လည်း တကယ်တမ်းလေနှင့်ပါလာသော ထိုရနံ့သည် အလွန်အားပြင်းလှသည်။

သူအနေနှင့် ချီပေါ်ယန်၏ Pheromoneနှင့်ပတ်သက်ပြီး ကောင်းသည် ဆိုးသည် ဟူ၍မရှိခဲ့ပေ။ ချီပေါ်ယန်သည် သူ(ကျီးဝမ်)၏ Pheromone အနံ့အား မရဘူးဟု ဆိုသောကြောင့် သူတို့နှစ်ယောက်ရဲ့ သဘာဝတရားအရ Pheromone ခြင်းကိုက်ညီမှုမရှိနိုင်သည်မှာ သေချာသလောက်ပင်။

ကျီးဝမ်သည် ကိုက်ညီမှုရှိသည် မရှိသည်အား ဂရုမစိုက်ပေ။ သူ၏ သဘောကျနှစ်သက်ခြင်းကိုသာ စိတ်ဝင်စားသည်။ သူ၏ Pheromone သည် ပြန်လည်တုံ့ပြန်မှုမရှိသော်လည်း သူ ချီပေါ်ယန်အား မြင်မြင်ချင်း ချစ်မိသွားသည်အား နှလုံးသားက အတိအကျကိုသိနေသည်။

ချီပေါ်ယန်ကပြောသည် " ဘာလို့အဝေးကြီးမှာနေနေတာလဲ? ရနံ့ထိန်းချုပ်တဲ့ ပလာစတာလည်း ကပ်ထားပြီးပြီမလား"

ကျီးဝမ်သည် သူ့အိတ်ထဲမှ ပလာစတာအားထုတ်ကာ ချီပေါ်ယန်အားကမ်းပေးလိုက်သည် " မင်းမကပ်ထားဘူးမလား? မင်းအနံ့ကိုရနေတယ်"

ချီပေါ်ယန်အနည်းငယ် အူမြူးသွားသည် " ဘာလဲ? ဒီအနံ့ရတာတောင် သဘောကျနေတုန်းပဲလား?"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now