Chapter (72)

5.3K 964 122
                                    

Unicode 🌻

ကျီးဝမ်သည် လေယာဉ်ပေါ်၌ တရေးတမောအိပ်စက်ခဲ့သဖြင့် လေယာဉ်သည်မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည့်အခါ သူ၏နားစည်များက လေဖိအားကြောင့် နာကျင်ကိုက်ခဲနေရသည်။

သူ့အရှေ့ခုံမှကောင်မလေးတစ်ယောက်သည် ဖုန်းကိုဖွင့်လိုက်သည့်အခါ အသံများကဆက်တိုက်အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။

မက်ဆေ့ဝင်သံများက တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ ထိုအသံများက မြေပြင်ပေါ်ဆင်းသက်ပြီး ဖုန်းကို အင်တာနက်နှင့်ပြန်လည်ချိတ်ဆက်လိုက်သောကြောင့် ထွက်ပေါ်လာသည့် အသံများပင်ဖြစ်သည်။

ကျီးဝမ်က Maskကိုတပ်လိုက်ကာ နားထဲမှ အသံလုံဖော့စွပ်ကိုဆွဲမထုတ်လိုက်ခင်၌ သူ့အရှေ့မှကောင်မလေး၏ ဝမ်းနည်းစွာငိုကြွေးသည့်အသံကိုကြားလိုက်ရသည်။

ဘာဖြစ်မှန်းသူသေချာမသိပေ။ အသဲကွဲသွားလို့များလား?

လေယာဉ်ပေါ်မှဆင်းလာပြီးနောက် စကားပြောရန် ရှောင်ရွှိအားလှည့်ကြည့်လိုက်သည့်အခါ ရှောင်ရွှိ၏ မျက်နှာသည်ဖြူဆုတ်နေပြီး မျက်ဆံများမှာလည်း တုန်ရီနေကြောင်းတွေ့လိုက်ရသည်။ သူက စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရမှု တစ်စုံတစ်ခုကိုကြုံတွေ့လိုက်ရသလိုပင်။

ကျီးဝမ်က နားထဲမှဖော့စွပ်ကိုဆွဲချွတ်လိုက်လိုက်ကာ ဘာဖြစ်လို့လဲဟုမေးမြန်းလိုက်သည်။

ရှောင်ရွှိက အဆင်ပြေပါတယ်ဟုသာပြန်ပြောလာသည်။  လေယာဉ်မူးသောကြောင့် သူ့အစာအိမ်က အနည်းငယ်နေထိုင်မကောင်းဖြစ်ခြင်းသာဖြစ်ပြီး နောက်မှကားထဲ၌ဆေးသောက်မည်ဖြစ်ကြောင်းပြောပြခဲ့သည်။

ထိုအခိုက်အတန့်၌ ရှောင်ရွှိကမည်မျှကြောက်လန့်သွားကြောင်းကို ဘုရားကသာသိပါလိမ့်မည်။ အခုလေးတင် သူက ဖုန်းဖွင့်လိုက်သည့်အခါ တွေ့လိုက်ရသည့်သတင်းကြောင့် သူ၏နှလုံးသားလေးက အစိပ်စိပ်အမွှာမွှာကွဲကြေသွားတော့မတက်ပင်။

ချီပေါ်ယန်! အဲ့ဒီ အရှိုင်းအစိုင်းကောင်! အကျင့်မကောင်းတဲ့ကောင်! ဘယ်လိုများလုပ်ရက်ရတာလဲ! မနေ့ကလေးတင် သူ့အစ်ကိုဝမ်ကိုပွေ့ဖက်နေခဲ့ပြီး ဒီနေ့လည်းရောက်ရော ဖန်းရှန့်ယွင်နဲ့စေ့စပ်လိုက်ပါပြီတဲ့လေ!

Give Up (詬病) 🌻[MM translation U/Z ] (Completed)Où les histoires vivent. Découvrez maintenant