Chapter (37)

5.7K 960 45
                                    

Unicode 🌻

  
အဆုံးတွင်တော့ ကျီးဝမ်သည် ဒိုက်အခါ၂၀၀ ထိုးစရာမလိုခဲ့ချေ။ သူထင်ထားသည့်အတိုင်းပင် အခြားဧည့်သည့်များက သူ့အားလာရောက်ဖြောင်းဖျပေးခဲ့သည်။ ချီပေါ်ယန်သည်လည်း ငါးဟင်းအား သူတို့အသင်းသို့ပေးခဲ့ပြီး ကျီးဝမ်ဆီမှ သူ့မေးခွန်း၏အဖြေကိုမတောင်းခဲ့ပေ။

ကျန်းမုရှန့်ကလက်ရှိ အခြေအနေအား နွေးထွေးသွားစေလိုက်သည် "ငါတို့ရဲ့ရှောင်ကျီးက ခံစားချက်တွေအရမ်းနက်ရှိုင်းတဲ့သူ ဖြစ်နေလိမ့်မယ်ဆိုတာ ငါမသိခဲ့ဘူး"

အမှန်တကယ်တော့ ကျီးဝမ်တွင် အစာစားချင်စိတ်ရှိမနေသော်လည်း ကင်မရာများအရှေ့တွင်တော့ အစားအသောက်များက အလွန်မှ အရသာရှိလှကြောင်း ပြသပေးရဦးမှာဖြစ်သည်။ ရည်းစားဟောင်းအကြောင်းဆီသို့ ထပ်မရောက်သွားစေရန် သူစနောက်လိုက်သည် " ဒိုက် အခါ၂၀၀လောက်လေးထိုးတာပဲမလား... အစ်ကိုတို့သာ လာပြီးမတားခဲ့ရင် ကျွန်တော်အေးဆေးလုပ်နိုင်တယ်"

ကျန့်ချီဟုန်က သူ့စကားအားသဘောကျသွားကာ သွမ့်ယင်ယွီက သူ့အားပြန်၍နောက်ပြောင်လာသည်"အဲ့တာဆိုလည်း သွားလုပ်လေ"

ကျီးဝမ်သည် အတည်ပေါက်ဖြင့် သွမ်းယင်ယွီအားပြန်ပြောလိုက်သည် " မလုပ်ချင်လို့တော့မဟုတ်ပါဘူး၊ အကယ်၍ငါလုပ်လိုက်လို့ ငါတို့အသင်းရဲ့တစ်ခုတည်းသော တိုက်ခိုက်စွမ်းရည် ကျဆင်းသွားခဲ့ရင် နောက်ကစားပွဲတွေမှာ ဘယ်လိုလုပ်ကြမလဲ"

သွမ့်ယင်ယွီက ယဉ်ကျေးမနေတော့ပေ" တော်စမ်းပါဗျာ၊ နေ့လည်က ကစားပွဲတုန်းနေက ဆက်တိုက်ရှုံးနေတာခဲ့တဲ့ Black Hole ကဘယ်သူပါလိမ့်"

ကျီးဝမ်က ရူးချင်ယောင်ဆောင်လိုက်သည် " ဘယ်သူလဲ၊ ငါကကစားပွဲမှာ အရမ်းအာရုံစိုက်နေခဲ့တော့ သတိမထားမိလိုက်ဘူး"

ကျန့်ချီဟုန်က ဂရုတစိုက်ဖြင့် ငါးအရိုးနွှင်ပြီးသောအခါ မောင်လေးနှစ်ယောက်၏ ပန်းကန်ထဲသို့ငါးအသားများခွဲထည့်ပေးလိုက်သည် " စကားများမနေနဲ့တော့... နောက်ကစားပွဲအတွက် အားဖြည့်ထားကြ"

ထို့သို့ဆိုပြီးနောက် ကျန့်ချီဟုန်သည် ကျိုးချူးရွှယ်အား  လှမ်းပြောလိုက်သည် " မင်းတို့ဆီမှာလူလိုသေးလား? ငါအဲ့ဒီကိုလာခဲ့ရမလား?"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now