Chapter (95)

5.8K 925 108
                                    

Unicode 🌻

စုန့်ကယ်သည် အဝတ်အစားအပြည့်အစုံလဲလှယ်၊ ဆံပင်အားပုံသွင်းပြင်ဆင်ပြီး Maskတပ်ကာ ခန့်ညားလှသောမျက်နှာတစ်ခုလုံးအား ဖုံးကွယ်လိုက်သော ကျီးဝမ်အား အကူအညီမဲ့စွာပင်ကြည့်နေမိတော့သည်။

ဖျော်ဖြေပွဲမှာ စတင်တော့မှာမဟုတ်​သေးသော်လည်း ကျီးဝမ်ကတော့ ထွက်ခွါဖို့ရန် အသင့်ဖြစ်နေပြီ ဖြစ်နေသောအခါ စုန့်ကယ်က စကားစလိုက်သည် " မင်း အခုမှပြန်ရောက်လာတာမဟုတ်ဘူးလား အနားမယူတော့ဘူးလား?"

ကျီးဝမ် : " ဘာကိုအနားယူရမှာလဲ အရူးကောင်လေးဆီကိုအရောက်သွားဖို့က အဓိကပဲလေ "

စုန့်ကယ်:" မီးရှူးမီးပန်းဖောက်တာလေးပဲမလား? အနုပညာရှင်အများစုရဲ့ ဖျော်ဖြေပွဲတိုင်းမှာ စတိတ်စင်အထူးပြုလုပ်ချက်တွေပါတက်ကြတာပဲလေ... မီးရှူးမီးပန်းဖောက်တယ်ဆိုတာကလည်း လုပ်ရိုးလုပ်စဉ်တစ်ခုပဲဟာကို"

ကျီးဝမ်:" မင်းနားမလည်ပါဘူး"

စုန့်ကယ်:" သူက စင်ပေါ်ကနေ လူသိရှင်ကြား ကျီးဝမ်ဆိုတဲ့မင်းနာမည်ကိုခေါ်ပြီး မင်းကိုချစ်တယ်ဆိုတဲ့အကြောင်းပြောမှာမို့လို့လား"

ကျီးဝမ်သည် ထိုမြင်ကွင်းကို မြင်ယောင်ကြည့်သည့်အခါ ချီပေါ်ယန်ကထိုကဲ့သို့လုပ်ဖို့ ဖြစ်နိုင်ချေရှိသည်ဟု ခံစားမိသော်လည်း သူ(ချီပေါ်ယန်)က လုံးဝ ထိုသို့လုပ်မှာမဟုတ်ပေ"သူ ငါ့ရဲ့နာမည်ကိုခေါ်မှာတော့မဟုတ်ဘူး ဒါပေမယ့် ငါ့ကိုချစ်တယ်လို့တော့ ပြောရင် ပြောလိမ့်မယ်"

စုန့်ကယ်၏မျက်နှာမှာ ရှုံ့မဲ့လို့သွားလေသည်" ဟုတ်ပါပြီ ကြွားနေတာတော်ပါတော့... ငါက အကြွားခံရလို့ သေလုနီပါးဖြစ်ရမယ့် စင်ကယ်ခွေးမဟုတ်ဘူးနော် "

ကျီးဝမ်နှင့် စုန့်ကယ်တို့သည် ဖျော်ဖြေပွဲကျင်းပရာနေရာဆီသို့ ကားဖြင့်ရောက်သွားကြသည်။ စတိတ်စင်မှာ ပြင်ဆင်ထားပြီးဖြစ်ကာ အပြင်ဘက်၌ တန်းစီနေကြသည့် လူတန်းရှည်ကြီးရှိနေပြီး ဝန်ထမ်းများကလည်း ဟိုဟိုဒီဒီ ခြေချင်းလိမ်ကာ သွားလာလှုပ်ရှားလျှက်ရှိကြသည်။ ကျီးဝမ်သည် သူ၏ ရှည်လျားသောခန္ဓာကိုယ်နှင့် ဆွဲဆောင်မှုရှိလှသည့် Alpha အရှိန်အဝါတို့ကြောင့် လူအများကသတိထားမိလုနီးပင်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now