Chapter (3)

8.7K 1.3K 21
                                    

Unicode 🌻

နောက်တစ်နေ့မှာတော့ ကျီးဝမ် ကုမ္ပဏီသို့သွားခဲ့သည်။ သူအောက်ထပ်ကိုရောက်သည့်အခါမှာ လူတချို့ရဲ့ လက်မှတ်ထိုးပေးဖို့နဲ့ ဓာတ်ပုံရိုက်ပေးဖို့အတွက် အသည်းအသန်တောင်းဆိုခံလိုက်ရပြီးတဲ့နောက်မှာတော့ သူဟာ သူ့ကိုယ်သူနာမည်ကြီးတစ်ယောက်လို့ မသက်မသာခံစားလိုက်ရသည်။

သူဟုန်းကျဲ ကိုရှာတွေ့သည့်အခါ သူမက ဖုန်းပြောရင်းအလုပ်များနေပြီး သူမ ကျီးဝမ့်ကိုတွေ့သည့်အခါမှာတော့ အချက်အလက်ဖိုင်ကိုယူလာပေးသည်။

ကျီးဝမ်သည်စာရွက်ကိုလှန်ပြီးကြည့်လိုက်သည်။ ဒါဟာ  ရသစုံရှိုးအသစ်ဆိုပေမယ့် အကြောင်းအရာကတော့ရိုးရှင်းပြီး အဓိက ကတော့ ဧည့်သည်တွေကြားထဲက အချင်းချင်းသဟဇာတမျှတမှုကိုအခြေခံတာဖြစ်သည်။

မင်းသာ စကားပြောပြီးပြုံးပြလေ ပိုပြီးပွင့်လင်းလေ ကြည့်ရှုသူကမင်းကိုပိုပြီးသဘောကျလေဖြစ်သည်။ ကျီးဝမ်သည် အခကြေးငွေပမာဏကိုသာအာရုံစိုက်လိုက်ပြီး နောက်ဆုံးတော့ သဘောတူလက်မှတ်ထိုးလိုက်တော့သည်။

စုစုပေါင်း အပိုင်း၁၀ပိုင်းပါဝင်ပြီး နောက်ထပ် season ရိုက်ဖြစ်မရိုက်ဖြစ်ကတော့ ကြည့်ရှုသူအရေအတွက်အပေါ်သာမူတည်သည်။ သူလက်မှတ်ထိုးပြီးတဲ့အခါမှာတော့ ဟုန်းကျဲက ဖုန်းပြောလို့ပြီးနေပြီဖြစ်ပြီး ကျီးဝမ်ကို ချိုသာစွာပြောလိုက်သည်:" ငါ မင်းအတွက်အလုပ်တစ်ခုလက်ခံထားတယ်။ ဒါပေမယ့် မင်းက အဓိကဇာတ်ဆောင်တော့မဟုတ်ဘူး"

ကျီးဝမ် ရှင်းရှင်းပဲပြောလိုက်သည် :"ကျွန်တော် ပိုက်ဆံဘယ်လောက်ရမှာလဲ"

ထိုအခါ ဟုန်းကျဲက သူ့ကိုဆူပါတော့သည်:" တစ်နေ့လုံး ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ အဲ့လောက်တောင်ပိုက်ဆံပျက်လပ်နေလို့လား?"

ကျီးဝမ်ကခါးသက်သက်ပြုံးလိုက်ပြီး" အမ ရယ် ကျွန်တော့်မှာအကြွေးပေးစရာရှိသေးတယ်လေ... အခုထိကားလည်းမရှိသေးဘူး ကုမ္ပဏီကလည်း တစ်စီးလောက်မစီစဉ်ပေးဘူးလေ"

ဟုန်းကျဲကအေးစက်စက်ပြောလိုက်သည်:" ကုမ္ပဏီကကားတွေက အလုပ်ရှိတဲ့ အနုပညာရှင်တွေအတွက်လေ... မင်း အလုပ်သွားမယ်ဆိုကုမ္ပဏီကကားတွေယူသုံးလို့ရနေတာပဲ... ဘာလို့အလကားဖြုန်းတီးနေမှာလဲ"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now