Chapter (4)

8.5K 1.2K 14
                                    

Unicode 🌻

ကျီးဝမ့်ကဖြည်းဖြည်းချင်းခေါင်းကိုလှည့်လိုက်ပြီးဘေးဘက်ကိုရှောင်ပေးလိုက်သည်။ ချွေးတစ်စက်ကနှဖူးပေါ်မှတဆင့် သူ့မျက်လုံးထဲဝင်ရောက်လာပြီး မျက်လုံးအားနာကျင်စွာစူးအောင့်သွား‌စေသည် ။ သတ္တုခါးပတ်နဲ့ ငွေ‌လှံထိပ်တို့ထိခတ်သံကကျယ်လောင်စွာထွက်ပေါ်လာပြီး တဖြည်းဖြည့်လှံထိပ်ပိုင်းကအောက်ဘကသို့လျောဆင်းသွားသည်။
ခါးပတ်ကကျီးဝမ့်ခါးပေါ်ပြန်ရောက်သွားကာ ညှင်သာစွာယိမ်းထိုးနေပါတော့သည်။

မြင်းခွာသံက ကျီးဝမ့်ဘေးဘက်လမ်းပေါ်ကနေဖြတ်သန်းသွားသည်။ စစ်သူကြီး၏ချပ်ဝတ်တန်ဆာကအလင်းပြန်နေပြီး ထိုရောင်ပြန်ကကျီးဝမ့်ရဲ့အပူချိန်‌ကြောင့်နီရဲနေသည့်မျက်ဝန်းထောင့်ပေါ်သို့ကျရောက်လာသည်။

ချီပေါ်ယန်၏အမြင်အာရုံသည်တသမတ်ထဲပင် ကျီးဝမ်ခန္ဓာကိုယ်‌ပေါ်သို့ခဏမျှအာရုံစူးစိုက်နေသည် ။ ထိုအချိန်မှာပင် အဓိကဇာတ်လိုက်မင်းသမီးက ထီးအသေးလေးကိုင်ရင်း ချီပေါ်ယန်ကိုလာ‌ရောက်နှုတ်ဆက်‌လေသည်။

ကျီးဝမ်ကခြေနှစ်လှမ်းလောက်နောက်ဆုတ်လိုက်သည်။ ဒီနေရာကသူ့သရုပ်ဆောင်ရမည့်ဒရမ်မာဇာတ်လမ်းမဟုတ်သလို သူရှိနေသင့်သည်နေရာလည်းမဟုတ်ပေ။ သူကရှောင်ရွှိနားကိုလျှောက်သွားလိုက်ပြီး ရှောင်ရွှိ ကချီပေါ်ယန်ဘက်ကိုကြည့်နေရင်း ကျီးဝမ်ကသူ့အနားရောက်လာသည်ကိုသိထားမိကာ တိုးတိုးလေးပြောလာသည်။" ဘုရားရေ အစ်ကို ချီပေါ်ယန်ရဲ့ကိုယ်ရောင်ကိုယ်ကတောက်ပနေတာပဲ အရမ်းချောတယ်"

ဒါကိုကြားပြီး ကျီးဝမ်က မမေးဘဲမနေနိုင်တော့ပေ" သူကချောလား ငါကချောလား?"

ရှောင်ရှိုက တံတွေးသီးမလိုတောင်ဖြစ်သွားသည် အမှန်တရားကိုပြောရမလား အသက်ရှင်ဖို့ရွေးချယ်ရမလားလို့စဉ်းစားပြီး သူက ဒုတိယတစ်ခုကိုရွေးချယ်လိုက်သည်။ "အစ်ကိုဝမ်ရယ် အစ်ကိုကလည်းချောပါတယ်... သူနဲ့အကိုကပုံစံချင်းမှမတူတာ"

သေချာတာက ရှောင်ရွှိ လိမ်နေခြင်းတော့မဟုတ်ပါ။ ကျီးဝမ်ရဲ့ရုပ်ရည်သွင်ပြင် လက္ခဏာသည် အလွန်အမင်းအပြင်ကင်းပုံပေါ်သည်။ သူတို့နှစ်ယောက်ရဲ့ကွာခြားမှုကတော့ အရှိန်အဝါဖြစ်သည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now