Chapter (12)

7.5K 1.1K 58
                                    

Unicode 🌻

စိတ်ပင်ပန်းတယ်? သူဘယ်ဘယ်လောက်စိတ်ပင်ပန်းခဲ့ရလဲဆိုတာ စဉ်းစားမိသည့်အခါ ကျီးဝမ် ဟားတိုက်ရယ်မိလုနီးပါးပင်။ သူအကြိမ်ကြိမ်အခါခါ သည်းခံခဲ့ရသည်။ သူ့အား အတိတ်တုန်းကလို ယခုအချိန်ထိတောင် လူရယ်စရာဖြစ်အောင်ပြုမူနေတုန်းပင်။ ကျီးဝမ်အား သူ(ချီပေါ်ယန်)၏စိတ်ထွက်ပေါက်အဖြစ် အသုံးချချင်နေတုန်းပင်။

ချီပေါ်ယန်သည် သူ့အပေါ် အားနာစိတ်ဝင်ခဲ့ရဲ့လား?

ဟုတ်ကောင်းဟုတ်နိုင်ပါရဲ့။ သူ ချီပေါ်ယန်အားထွက်သွားခိုင်းသည့်အချိန်တွင် ချီပေါ်ယန်သည်နောက်သို့ တခဏလေးတောင် လှည့်မကြည့်ဘဲထွက်သွားခဲ့သည်။

ထိုအချိန်တုန်းက သူဘယ်လောက်တောင်မှ မိုက်မဲနေခဲ့မိသလဲ? အတိတ်တုန်းကချီပေါ်ယန်ကသာ သူ့အား အခုလိုမျိုးအရှက်မရှိ တွယ်ကပ်နေမည်ဆိုလျှင် ကျီးဝမ်သူ့အား ခွင့်လွှတ်ကောင်းခွင့်လွှတ်မိလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အချစ်ကလူများ စဉ်းစားဉာဏ်မဲ့သွားစေကာ လိုလိုလားလားကိုပင် အားရူးမိုက်သွားစေသောကြောင့်ဖြစ်သည်။

ကျီးဝမ်အေးစက်စက်ဖြင့် ပြောလိုက်သည် "ဘာလို့ငါ့ကို‌အဲ့လောက်တောင် အဆင်‌မပြေအောင်လုပ်နေတာလဲ "

သူ့ရင်ဘက်ပေါ်တွင် ကူးလူးသွားလာနေသည့် ချီပေါ်ယန်၏လက်များသည်ရပ်တန့်လို့သွားရသည်။" အဆင်မပြေဘူး?"

ကျီးဝမ်၏ အင်္ကျီထဲမှသူ့(ချီပေါ်ယန်)လက်အား ဆွဲထုတ်လိုက်သည်။ ချီပေါ်ယန်လက်ဖဝါးပေါ်မှ အနွေးဓာတ်လေးနှင့် ဝေးကွာသွားသည့်အခါမှာတော့ ကျီးဝမ်၏ရင်ဘက်သည် အနည်းငယ်အေးစိမ့်မှုကိုခံစားလိုက်ရသည်။

"ဟုတ်ပါတယ်လေ ကိုကိုက Omega တစ်ယောက်ကိုပဲ ရင်ထဲနှလုံးသားကနေ ရှာချင်နေတာမလား? Alpha တစ်ယောက်ဆိုရင်တော့ ကိုကို့အတွက်အဆင်မပြေလောက်ဘူးပေါ့" ချီပေါ်ယန်က ခနဲ့သည်။

ကျီးဝမ်ရှင်းပြမနေတော့ပါ။ သူထင်ချင်သလိုထင်ပါစေ။ အကယ်၍ဒီအကြောင်းပြချက်ကသာ  ကိုယ့်ကိုကိုယ်သိပ်တန်ဖိုးထားလွန်းသည့် ချီပေါ်ယန်အား နောက်‌ကြောင်းပြန်လှည့်ထွက်သွားအောင်သာ လုပ်နိုင်လျှင် ရပြီဖြစ်သည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now