Chapter (75)

5.4K 965 141
                                    

Unicode 🌻

ကျီးဝမ်ဆေးရုံခန်းထဲမှ ထွက်လာသည့်အခါမှာတော့ သူ ဟန်ဆောင်တည်ဆောက်ထားခဲ့သည့် တည်ငြိမ်မှုများက အဝေးသို့လွှင့်စင်သွားခဲ့သည်။

Markမပျောက်ကွယ်သွားခင်ပြန်လာပါလို့ ချီပေါ်ယန်အား သူပြောခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ထိုစကားများကြောင့် ချီပေါ်ယန် အားတက်သွားလေမလားဆိုတာကို သူလည်းသေချာမသိပေ။

ဒေါက်တာဖန်းက စိတ်ကစဉ့်ကလျားရောဂါသည်များသည် သူတို့၏ရောဂါအခြေအနေမတည်ငြိမ်ခင်အချိန်အထိရင်းနှီးသည့်သူများနှင့်မတွေ့သင့်ဟု ပြောခဲ့သည်။ မဟုတ်လျှင် တည်ငြိမ်သည့်အခြေအနေကိုရောက်ရှိရန် အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုခဲ့သည်။

ယခုတွင် ဒေါက်တာဖန်းက ထပ်ပြောလာသည် " အခုလိုမျိုး Mark လုပ်တာမျိုးကို မစ်စတာကျီးဝမ် နောက်တစ်ခါလုံးဝထပ်မလုပ်တာ ပိုကောင်းပါလိမ့်မယ် ... Pheromoneတွေက ဆေးတွေရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေပါတယ်"

ဒေါက်တာဖန်းက ယဉ်ယဉ်ကျေးကျေးပြောနေခြင်းဖြစ်သော်လည်း ဒါဟာ သူ့ကို သတိပေးနေခြင်းဖြစ်သည်ဆိုတာကို ကျီးဝမ်သိသည်။

ကျီးဝမ်သည် ဒေါက်တာဖန်း၏ သဘောထားကို ကောင်းမွန်စွာနားလည်နိုင်သည်။ တာဝန်ခံဆရာဝန်တစ်ယောက်အနေဖြင့် မိမိကိုယ်ပိုင်စိတ်ခံစားချက်ထက် လူနာ၏ အခြေအနေကိုပို၍ ဦးစားပေးရမည်ဖြစ်သည်။

လူနာ၏မိသားစုဝင်ကသာ ဆရာဝန်အပေါ်ယုံကြည်မှုမရှိလျှင် ဘယ်သူက လူနာကို ကုသပေးမည်နည်း?

ကျီးဝမ်သည် မှန်အကာပြတင်းပေါက်မှဖြတ်၍ အထဲတွင်ရှိနေသည့် ချီပေါ်ယန်ကို လှမ်းကြည့်လိုက်သည်။ တဖက်လူသည် ကုတင်ပေါ်တွင်လဲလျောင်းနေကာ ထိန်းချုပ်ခါးပတ်များဖြင့်ချုပ်နှောင်ခံထားရသဖြင့် သူ့ကိုလှမ်းကြည့်ဖို့တောင် အင်အားရှိမနေပေ။

ချီပေါ်ယန်၏ သွေးများသည် သူ၏ပါးစပ်ထဲ၌ ကျန်ရှိနေကာ အားကောင်းလှသည့် Pheromoneအနံ့အရသာကိုခံစားရသည်။

သူသည် တစ်ခါမှ ထိုအနံ့အရသာကို အရမ်းတောင့်တတာမျိုးအဖြစ်ဖူးခဲ့ပေ။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now