Chapter (77)

5.8K 957 58
                                    

Unicode 🌻

ဒေါက်တာဖန်းသည် ဆေးရုံခန်းထဲမှမထွက်ခွာမီ၌ ကျီးဝမ်အား တချက်လှမ်းကြည့်လိုက်သည်။ ကျီးဝမ်က ထရပ်ကာ ထွက်သွားရန်ပြင်လိုက်သော်လည်း ချီပေါ်ယန်က သူ၏လက်ကိုဆွဲထားခဲ့သည်။ ချီပေါ်ယန်က သူ့လက်မှဒဏ်ရာကိုစိုက်ကြည့်လို့နေပြီး ဆူပုတ်နေသည့်မျက်နှာဖြင့် မည်သည့်စကားမှမဆိုပေ။

"ရှောင်နန် မစ်စတာကျီးရဲ့ဒဏ်ရာကိုဆေးထည့်ပေးလိုက်ပါ" ဒေါက်တာဖန်းက သူ့ဘေးနားရှိ အမျိုးသားသူနာပြုကိုပြောလိုက်သည်။ ထို့နောက် ကျီးဝမ်အား ပြောလိုက်သည် " မစ်စတာကျီး စိတ်ပိုင်းဆိုင်ရာဆွေးနွေးတိုင်ပင်မှုလုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆေးရုံမှာ အထူးအကြံပေးဆရာဝန်ရှိပါတယ်"

ယခုဆေးကုဌာနသည် အဆင့်မြင့်ပုဂ္ဂလိကဆေးရုံဖြစ်ကာ  စိတ်ရောဂါဆရာဝန်တောင်မဆိုထားနှင့် လူနာက ပြင်သစ်စာစားချင်တယ်ဆိုလျှင်တောင် အထူးစားဖိုမှူးကချက်ပြုတ်ပေးမှာဖြစ်သည်။

လူနာများ၏ မိသားစုဝင်များတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများသည် အဖြစ်များလှသည်။

အထူးသဖြင့် စိတ်ကစဉ့်ကလျားရောဂါသည်များ၏ ရောဂါသက်သာတော့မည်ဟုထင်တိုင်း ရောဂါကပြန်ထလာပြန်သည့်အခါ လူနာရဲ့မိသားစုဝင်များ၏  မျှော်လင့်ချက်များ အထပ်ထပ်အခါခါပျက်သုန်းရခြင်းသည် သူတို့အတွက် တကယ့်ကို ညှဉ်းပန်းနိုင်လွန်းသည့်အရာဖြစ်သည်။

မိသားစုဝင်များက ဆက်ပြီးတောင့်မခံနိုင်တော့လျှင် တပါးသူဆီမှ အကူအညီကို လေ့လာတောင်းခံရမည်ဖြစ်သည်။

ကျီးဝမ်က ဒေါက်တာဖန်းအား ပြုံးပြလိုက်သည် " မလိုပါဘူးခင်ဗျ"

ဒေါက်တာဖန်းက တွန်းအားမပေးပေ။ ယခုသည် အစပဲရှိသေးသဖြင့် ဒါကို လက်မခံနိုင်တာက သဘာဝကျပါသည်။

ဒေါက်တာဖန်းက ကျီးဝမ်ကို အပြင်ထွက်ဖို့ကိစ္စကိုမပြောခဲ့ပေ။ ရှောင်နန်ကသူ့ဆီလာပြီး အခြေအနေကိုပြောပြခဲ့တုန်းက ချီပေါ်ယန်၏ချိန်းခြောက်ကိုကြားသိခဲ့ပြီးဖြစ်သည်။

ချီပေါ်ယန်က သူ၏လူနာဖြစ်ကာ ဒီမှာပဲ သူ့ကိုကုသပေးနေကျဖြစ်သည်။ ထိုလူ၏ ပြောရင်ပြောသလိုလုပ်တက်တဲ့ ဒေါကကိုသိပြီးသားဖြစ်သဖြင့် ဒေါက်တာဖန်းကပြောလိုက်သည် " မစ်စတာကျီး ဒီမှာနောက်ထပ်၁နာရီထပ်နေလို့ရပါတယ်"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now