Chapter (10)

8K 1.1K 18
                                    

Unicode 🌻

ဒါရိုက်တာသည် 'ကဒ်' ဟုအော်လိုက်ပြီးနောက် ကျီးဝမ်အား လှမ်းခေါ်လိုက်ပြီး ကျိုးလျဲ့ သည် ဘာဖြစ်လို့လဲဟုမေးလာသည်။ သူသည် မနေ့ကအထိသရုပ်ဆောင်ပိုင်းမှုကကျေနပ်အားရစရာဖြစ်နေကာမှ  ယနေ့တွင်သူ့လုပ်ဆောင်ချက်များသည် ထင်သလောက်ကောင်းမနေပေ။

ချီပေါ်ယန်သည် သူ့ထက်တောင်ပိုလို့ဆိုးနေသည်မှာ အသိသာကြီးပင်။ သို့သော်ကျိုးလျဲ့သည် ချီပေါ်ယန်ကိုတော့ မပြောရဲတာကြောင့် သူ့ကိုသာအပြစ်ပုံချပြီး‌တိုက်ခိုက်တော့သည်။ ကျီးဝမ်သည် နာခံစွာပင်ခေါင်းငုံ့နေလိုက်ကာ အဆူခံနေလိုက်သည် "ဒါရိုက်တာကြီး ကျွန်တော့်ကိုအခွင့်အရေးတစ်ခုလောက်ထပ်ပေးပါ.. ဒီတစ်ခါတော့သေချာလေးလုပ်ပါ့မယ်"

ခြေသံတစ်ခုကသူ့အနောက်ဘက်မှထွက်ပေါ်လာသည်။ ထိုအသံသည် ချီပေါ်ယန်ဖြစ်သည်ကိုအလွယ်တကူပင်သိနိုင်သည်။ ဘာကြောင့်လဲဆိုတော့ ချီပေါ်ယန်ဝတ်ထားသည့်ဖိနပ်၏ ခြေချောင်းထိပ်အဖုံးအားသံဖြင့်ပြုလုပ်ထားကာ ခြေလှမ်းလိုက်တိုင်းတမူထူးခြားသောအသံထွက်ပေါ်နေသောကြောင့်ဖြစ်သည်။ ကျီးဝမ်သည် တစ်ကြိမ်မျှကြားဖူးပြီးနောက် ထိုအသံအားမှတ်မိနေပြီဖြစ်သည်။

သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲ သူ့ရဲ့ကျောတွေတောင့်မတ်သွားရသည်။ ချီပေါ်ယန်သည် သူ့အနောက်ကနေ လှမ်းပြောလိုက်သည်:" ထားလိုက်ပါတော့ဒါရိုက်တာကြီး ဒီအခန်းကိုမရိုက်တော့ဘူး"

ဒါသည် ချီပေါ်ယန်၏ Music videoဖြစ်ပြီး ချီပေါ်ယန်၏ ကုမ္ပဏီက ရိုက်ကူးရေးကုန်ကျစရိုက်ကိုစိုက်ထုတ်ပေးထားတာဖြစ်သည်။ သို့သော်လည်း ချီပေါ်ယန်၏ လက်လွတ်စပယ်ပြောလိုက်သည့် စကားအား ကြားလိုက်တဲ့အခါမှာတော့ကျိုးလျဲ့၏မျက်နှာသည်မဲမှောင်သွားရသည်။

ကျိုးလျဲ့သည် မီးစကိုထပ်ကာထည့်လိုက်သည်:" အကုန်စီစဉ်ပြီးပြီ ရိုက်လိုက်တာပိုကောင်းတယ်... အဲ့လိုမှမဟုတ်ဒီဇာတ်ကွက်က‌အရမ်းဖြုန်းတီးသလိုဖြစ်သွားလိမ့်မယ်"

ကျီးဝမ်၏ နောက်ကျောသည်ချွေးများထွက်လို့နေကာ အဝတ်အစားများပါချွေးဖြင့်အနည်းငယ်စိုရွှဲလို့နေသည်။ သူ့အနောက်ဘက်တွင် ရပ်နေသည် ချီပေါ်ယန်ကတော့မည့်သည့်စကားမှထပ်မဆိုလာချေ။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Onde histórias criam vida. Descubra agora