Chapter (64-2) Z+U စားသောက်ကြခြင်း / စားသောက်ကြခြင်း

Start from the beginning
                                    

"ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်း ကျောင်းကျောင်းရဲ့သူငယ်ချင်းကို ငါတွေ့တဲ့အခါကျရင် သူ့ကို လေးစားသမှုနဲ့ နှစ်ခွက်တိုက်လိုက်မယ်။" ကျိုးမင်က ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ခြောက်လလုံး သူက ငါတို့မိသားစုရဲ့ ကျောင်းကျောင်းကို ဂရုစိုက်ပေးခဲ့တာ။"

ကျူးရှ၏ စိတ်ထဲတွင်တော့ 'ခဏနေရင် ကျောင်းကျောင်းက ငါတို့မိသားစုဖြစ်တော့မှာမဟုတ်ဘူး' ဟု တွေးလိုက်သည်။

"ဘာလို့ စကားမပြောတာလဲ။"

"ငါပင်ပန်းနေလို့ ၊ စကားမပြောချင်ဘူး။"

အပင်ပန်းဆုံးအရာက ငါ့နှလုံးသားလေးပဲ။

လူစည်ကားသည့် ပေကျင်းမြို့တွင် ဆိုင်ကယ်၏အားသာချက်မှာ သိသာထင်ရှားပေသည်။ လင်မယားနှစ်ယောက်မှာ ချိန်းထားသည့်နေရာသို့ အလျင်အမြန်ရောက်လာကြ၏။ လက်ရှိအချိန်သည် လူအကျဆုံးအချိန်ဖြစ်သော်လည်း စားသောက်ခန်းတွင် ဧည့်သည်တစ်ယောက်တစ်လေမျှ မရှိပေ။ ထူးထူးဆန်းဆန်း တိတ်ဆိတ်နေခဲ့သည်။ နေရာတစ်ခုလုံး လင်းထိန်နေ၍မဟုတ်ပါက ပိတ်ထားသည်ဟု ထင်မိမည်ပင်။ သူတို့ လမ်းမှားလာတာလား။

"ဒီက မစ္စကျူးနဲ့ မစ္စတာကျိုးလားဗျ။"

"ဟုတ်ပါတယ်။" ကျိုးမင်က ခေါင်းညိတ်ပြလိုက်သည်။

"မစ္စတာလီက အခန်းထဲမှာ စောင့်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပါ။"

ကျူးရှနှင့် ကျိုးမင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မျက်လုံးပြူးသွားကြ၏။ ဒီလူဆိုးလေးက တစ်ကယ်ပဲ အခန်းတစ်ခု ကြိုမှာထားတာလား။ ပိုက်ဆံကို မဖြုန်းတီးသင့်ဘူး။

လူနှစ်ယောက်သည် လီကျောင်းအား အသုံးနှင့်အဖြုန်းအကြောင်း သင်ကြားပေးရန် စိတ်ကူးထားသော်လည်း တံခါးဝတွင် ပြုံးနေသည့် သူ့မျက်နှာကို မြင်ရသောအခါ ဒေါသများ ပျောက်ကွယ်သွားခဲ့သည်။ ကိုယ့်ကလေးက ဒီလိုလုပ်တာ ဘာမှားလို့လဲ။

သူက ခိုးခဲ့တာမှ မဟုတ်တာ။ သူ့ကိုယ်ပိုင်စွမ်းရည်ကို သုံးပြီး ပိုက်ဆံရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိဘတွေက ကလေးကို ဘယ်လို အပြစ်တင်နိုင်မှာလဲ။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now