အပိုင်း ၉၄ ။ ယွဲ့ကျယ်ဘဝ

Depuis le début
                                    

"ကျယ်လေး၊ ပြဿနာတစ်ခုရှိတယ်၊ ကိုယ်တို့ ကောင်းကောင်းမွန်မွန် သေချာပြောဆိုသင့်တဲ့ဟာပေါ့"
လုရှုဖန်သည် လေးနက်နေသောအမူအရာဖြင့် ရှန့်ခယ်ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဘာပြဿနာပါလဲ"

"ကိုယ်ကမင်းအလုပ်ရှင်လေ၊ ကိုယ့်အမိန့်တွေကို လိုက်နာဖို့ အမြဲမဖြစ်မနေပဲလေ၊ အထူးသဖြင့် အန္တရာယ်နဲ့ကြုံရတဲ့အချိန်ပေါ့"
လုရှုဖန် တင်း‌မာနေသောလေသံဖြင့်ဆိုလိုက်သည်။
"လွန်ခဲ့တဲ့ရက်ပိုင်းက မတော်တဆမှုလိုမျိုး ကိုယ်မင်းကို ကားပေါ်က စွန့်ခွာခိုင်းတုန်း ဘာလို့မလုပ်ခဲ့တာလဲ"

ရှန့်ခယ် တစ်အောင့်ဆိတ်နေပြီးမှ တည်ငြိမ်စွာ ဖြေလာခဲ့သည်။
"ကျွန်တော်က ဂျေးနဲ့ ယူရီအန်ရဲ့ အလုပ်ရှငိလေ၊ ကျွန်တော့်မှာ သူတို့ကို ကာကွယ်ရမဲ့ ဝတ္တရားရှိတယ်၊ လူကြီးမင်း ကျွန်တော့်ကို ကာကွယ်ပေးသလိုပေါ့"

"ဒါဆို" လုရှုဖန် သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
"တကယ်လို့ ကိုယ်တို့အားလုံး အန္တရာယ်ထဲရောက်နေရင် တစ်ခါတည်းဘယ်သူ့ကို အရင်ကယ်မှာလဲ"

သူ ဒီလိုမျိုးကြားဖူးနေသလိုပဲ။ ဒါက အင်တာနက်ပေါ်မှာ တင်မေးထားတဲ့ "မင်းအမေနဲ့ မင်းမိန်းမ နှစ်ယောက်လုံး ရေနစ်နေရင် ဘယ်သူ့ကို အရင်ကယ်မလဲ" ဆိုတဲ့ မေးခွန်းနဲ့ ဘာကွာလို့လဲ။

ရှန့်ခယ် ကြောင်အမ်းနေသော်ငြား နောက်ဆုံး တည်တည်ကြည်ကြည် ပြန်ဖြေလိုက်သည်။
"ကျွန်တော် လူကြီးမင်းကို ကယ်တင်မှာပါ"

"ဒါပေမဲ့ အဲချိန်တုန်းက မင်း အဲဒီစာချုပ်ထိန်းသိမ်းသူတွေကို ကယ်ခဲ့တယ်လေ"

"လူကြီးမင်းအသက်က အန္တရာယ်ကျမရောက်နေခဲ့လို့ပါ၊ အဲအခြေအနေတွေအောက် အသက်ကိုကယ်တင်ဖို့က ဦးစားပေးဖြစ်သွားပါတယ်"
ရှန့်ခယ်က ခိုင်မာသောယူဆချက်ဖြင့် ဆိုလိုက်သည်။

"ဒါပေမဲ့ ကိုယ့်အတွက်ကျ" လုရှုဖန် တစ်လုံးချင်းအံကြိတ်ပြောတော့သည်။
"မင်းအသက်က ကိုယ့်ဦးစားပေးအရေးပါမှုပဲ!"

ရှန့်ခယ်သည် တိတ်နေဆဲပင်။

"ကတိပေးပါ၊ ကျယ်လေး" လုရှုဖန် တောက်လောင်နေသော မျက်ဝန်းများနှင့် လက်ကို ဆုပ်ကိုင်လိုက်သည်။
"အနာဂတ်မှာ ဒီလိုအန္တရာယ်တွေကြုံခဲ့ရင် ကိုယ့်လုံခြုံရေးကိုအရင်ပထမဆုံး စဉ်းစားပေးဖို့"

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Où les histoires vivent. Découvrez maintenant