အပိုင်း ၉၄ ။ ယွဲ့ကျယ်ဘဝ

Начните с самого начала
                                    

"အနားယူဖို့အချိန်ကျပြီ"

ရှန့်ခယ် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ တုံ့ပြန်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်ထပ်၁၅ မိနစ်ပေးပါ"

ဒါက သူ စာချုပ်ထိန်းသိမ်းသူနှစ်ယောက်အတွက် သီးသန့်ဖယ်ထားသော အချိန်ဖြစ်၍ သူစောစော အဆုံးသတ်ချင်လျှင်တောင် စာချုပ်ထိန်းသိမ်းသူနှစ်ယောက်ကို ရပ်ရန်အတင်း အမိန့်မပေးသရွေ့ သဘောတူလိမ့်မည်မဟုတ်ပေ။

လုရှုဖန်က စိတ်ရှည်ရှည်စောင့်ရန် ဘေးရပ်နေလိုက်သည်။

"တိကျတဲ့ စီမံမှုကို ပြီးမြောက်နိုင်တာက...."

ဆယ့်ငါးမိနစ်ကြာပြီးနောက် ရှန့်ခယ်စကားပြောနေဆဲ အခြားစာချုပ်ထိန်းသိမ်းသူများကတော့ အထုတ်အပိုးများသိမ်းဆည်းပြီးနှင့်နေပြီ။

".... အရင်တုန်းက အခြေခိုင်နေတဲ့အစီအစဉ်ရဲ့ အကောင်အထည်ဖော်ခြင်းနဲ့ဆိုရတယ်"
ထိုနှစ်ယောက်သား ဆေးရုံခန်းထဲကမထွက်ခင် ရှန့်ခယ်မှာ သူ့စကားဆုံးအောင် မနည်းပြောလိုက်ရသည်။

စာချုပ်ထိန်းသိမ်းသူအစစ်များနှင့် အချိန်ကြာကြာ ဆက်ဆံပြီးနောက်တွင် ရှန့်ခယ်တစ်ယောက် သူ၏ စာချုပ်ထိန်းသိမ်းသူတုပခြင်းသည် အကြီးအကျယ်ချို့တဲ့နေကြောင်း နားလည်သွားခဲ့၏။ အချိန်နှင့် အကန့်အသတ်အား စွဲလမ်းမှုလွန်ကဲခြင်းနှင့်ပတ်သတ်လျှင် သူသည် ဆက်တိုက်ဆိုသလို နောက်ကောက်ကျနေတုန်းပင်။ ယခုမှစပြီး သူအရာအားလုံးကို ကြိုတင်စီစင်ရန်လိုအပ်ပ်ပြီး ဒုတိယအနေဖြင့် သူ့အချိန်ဇယားကို စီမံခန့်ခွဲရမည်။ မဟုတ်လျှင် အခြားစာချုပ်ထိန်းသိမ်းသူများနှင့်ယှဉ်လျှင် သူသည် ဖုန်မှုန့်များထဲ သေချာပေါက်ကျန်ခဲ့လိမ့်မည်။ သူတို့ကို "စက်ရုပ်များ" ဟု စဉ်းစားကြသည်ကလည်း အံ့ဩစရာမရှိတော့ပေ။ သူတို့ကစီစဉ်ထားသည့်အတိုင်း အမြဲဆောင်ရွက်ပြီး ထိုအစီအစဉ်များအပြင်မှ အရာအားလုံးကို လျစ်လျူရှုခဲ့သည်။

ဟုတ်တာပေါ့၊ သူ စာချုပ်ထိန်းသိမ်းသူနှစ်ယောက်ကို ညွှန်ကြားမှုအသစ်များပေးပြီး နေခိုင်းနိုင်သော်ငြား အကျင့်ဆိုးများ ပေါက်ဖွားလာမည်ကိုရှောင်ရှားရန် ကြိုးစားခဲ့သည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Место, где живут истории. Откройте их для себя