Chapter (39) ပြင်ဆင်ခြယ်သခြင်း

Start from the beginning
                                    

အခြားသူများမှာလည်း အချဉ်ပေါက်နေကြသည်။ လီကျောင်းက ကျန်းရှောင်ယွမ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့၏။ သူသည် သူတို့က ဂိတ်တံခါးထဲ ဝင်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ရန်ထင်းအိမ်တံခါးရှေ့တွင် သူတို့အလာကို စောင့်နေခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် ကားနှစ်စီးက ဖြည်းဖြည်းချင်း မောင်းဝင်လာခဲ့၏။ လီကျောင်းကသူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ "ဒီမှာ"

"ကျောင်းကျောင်း၊ မင်းက ဘာလို့တခြားတစ်ယောက်ရဲ့တံခါးဝမှာ ထိုင်နေတာလဲ။" ကျန်းရှောင်ယွမ်က ခေါင်းကို ကားပြတင်းမှ ထုတ်ကာ ပြောလိုက်သည်။

"အခုတလော ကျွန်တော်ဒီမှာ နေနေတာ။ အထဲကို မောင်းခဲ့လေ။" လီကျောင်းက ကားဂိုဒေါင်ဘက်ကို ညွှန်ပြလိုက်၏။ "ဂိုဒေါင်တံခါး ဖွင့်ထားတယ်။"

ကားဂိုဒေါင်ထဲသို့ ကားဝင်လာသည်နှင့် အထဲတွင် လုံခြုံရေးဝန်ထမ်းများပင် ရှိနေသည်ကို အဖွဲ့က တွေ့လိုက်ရသည်။ "ကျောင်းကျောင်းရဲ့သူငယ်ချင်းက ဘယ်လိုနောက်ခံရှိတာလဲ။"

"သူ့မှာအဆောက်အအုံနှစ်လုံးနဲ့ ဆိုင်ဒါဇင်ပေါင်းများစွာ ရှိတယ်။" တခယ်က ခေါင်းခါရင်း ပြောလိုက်သည်။ "တစ်လငှားရမ်းခကတင် ယွမ်သန်းနှင့်ချီပြီး ရတယ်။"

"ဒီအိမ်နှစ်အိမ်က တတိယပတ်လမ်းထဲမှာဆိုရင် ဆိုင်တွေက..." လူတိုင်းက ခေါင်းငုံ့ကာ တွက်ချက်နေကြသည်။ "မဟုတ်ဘူး၊ သူဌေးတွေကို မုန်းလိုက်တာ။"

ကိုယ်ပိုင်ကားဂိုဒေါင်က ကျယ်ဝန်းလှပြီး အထဲတွင် ကားခုနှစ်စီး ရှစ်စီး ရပ်ထားခဲ့သည်။ ထိုနေရာတွင် လုံခြုံရေးများ ရှိနေသည့်အတွက် လူများက စူးစမ်းမိသည်ကို ပို၍ပင် ရှက်ရွံ့သွားကြ၏။ သူတို့က ထိုကားများမှာ ဈေးမသက်သာကြောင်းကိုသာ မရေမရာ သတိပြုမိခဲ့သည်။ 

"မင်းတို့က မစ္စတာလီရဲ့ လုပ်ဖော်ကိုင်ဖက်တွေလား။" လုံခြုံရေးအစောင့်က သူတို့ကို ပြုံးပြလိုက်၏။ သူတို့လက်ထဲတွင် ပစ္စည်းများစွာရှိသည်ကို မြင်သည်နှင့် သူတို့ကို ကူညီရန် လုံခြုံရေးအစောင့် အနည်းငယ်ကို ခေါ်လိုက်သည်။ "ဒီလမ်းပါ။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now