Chapter (35) Touching Porcelain

Start from the beginning
                                    

စုန့်ယွီ "……"

အသိုင်းအဝိုင်းထဲတွင် အချိန်အတော်ကြာ ရောနှောနေထိုင်ပြီးနောက် သူသိသမျှထဲတွင် လီကျောင်းသည် အဆင်းရဲဆုံးမင်းသားတစ်ယောက် ဖြစ်ပေသည်။ သူက လီကျောင်းကိုကြည့်ကာ ဘူးအဖုံးကိုဖွင့်ပြီး ဘူးတဝက်ကို သောက်လိုက်၏။ "ဆောရီး ။ ငါသောက်လိုက်ပြီ။"

လီကျောင်းက အသံတိတ်သွားသည်။ ဒီလူဘာတွေ လုပ်နေတာလဲ။

"လီကျောင်း ၊ မင်းက ဒီလိုမျိုး ကြောင်သူတော်တစ်ယောက်လို့ ငါမထင်ထားခဲ့မိဘူး။" စုန့်ယွီက ရေတစ်ဝက်ကျန်နေသည့်ရေဘူးကို အမှိုက်ပုံးထဲသို့ ပစ်ချပြီး နှာမှုတ်လိုက်၏။ “အပေါ်ယံမှာတော့ မင်းက ထောက်ခံချက်မရှိသေးဘူးလို့ ပြောပေမဲ့  ချန်ဟွမ်းနဲ့ ကောင်းကောင်း ဆွေးနွေးပြီးပြီပေါ့။ မင်းငါ့ကို အရူးလို ကစားနေတာလား။"

"ချန်ဟွမ်းလား။" လီကျောင်း အံ့သြသွားသည်။ အဲ့ဒါက ထင်ထင်း အလုပ်လုပ်တဲ့နေရာ မဟုတ်ဘူးလား။

သူနဲ့ဘာဆိုင်လို့လဲ။ 

သူသည် အမှိုက်ပုံးထဲရှိ တွင်းထွက်ရေဘူးကိုငုံ့ကြည့်လိုက်ပြီး အနည်းငယ် စိတ်သောကရောက်သွားသည်။

“တရားဝင် Weibo က အဲ့ကိစ္စကို လူသိရှင်ကြားကြော်ငြာခဲ့တယ်။ မင်းက ဟန်ဆောင်နေတုန်းပဲလား။" စုန့်ယွီက ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ “စတော်ဘယ်ရီအင်တာတိန်းမန့်က မင်းကို ဒီလိုကြီးမားတဲ့ အရင်းအမြစ်တစ်ခု ရအောင် ကူညီနိုင်ခဲ့တယ်။ ဒါနဲ့ မင်းရဲ့အေးဂျင့်က ဘာဖြစ်နေတာလဲ။ မင်းက ချန်ဟွမ်းရဲ့ Weibo ပိုစ့်ကို ဘာလို့ forward မလုပ်တာလဲ။"

“ဘာပို့စ်လဲ။” လီကျောင်းသည် အမှိုက်ပုံးထဲမှသူ့အကြည့်ကို ရွှေ့ကာ ဖုန်းကို ဖွင့်လိုက်ပြီး ချန်ဟွမ်း၏ Weibo ကို ရှာလိုက်သည်။

ချန်ဟွမ်း၏ နောက်ဆုံးပေါ်ထုတ်ကုန် ထောက်ခံချက်။ 

လီကျောင်းက ကြည့်နေရင်း မျက်လုံးကျယ်သွားပြီး Weibo ပို့စ်တွင် ဖော်ပြထားသောပုဂ္ဂိုလ်မှာ သူဖြစ်ကြောင်း အတည်ပြုလိုက်၏။ သူက Weibo မှ အလျင်အမြန်ထွက်ပြီး သူ၏လိပ်စာစာအုပ်ကိုဖွင့်ကာ လော့ရုန်၏ဖုန်းကို ခေါ်လိုက်သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now