Chapter (26) ညီအစ်ကိုအဝတ်အထည်

Start from the beginning
                                    

“စကားမစပ်၊ ဒါက အတွင်းသတင်းအမှန် ဟုတ်မဟုတ်ဆိုတာ ငါလည်း သေချာမသိဘူး။ လီကျောင်းကို ခေါ်ယူချင်ပြီး ထရိန်နင်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အင်တာတိန်းမန့်ကုမ္ပဏီတစ်ခု ရှိတယ်လို့ ကြားမိတယ်။ ဒီအချက်အလက်တွေက စိတ်ချရရင် လီကျောင်းက အနာဂတ်မှာ ဒီလိုစိတ်ဆင်းရဲစရာဘဝနဲ့ နေစရာ မလိုတော့ပါဘူး။"

လီကျောင်း၏အဖွဲ့သည် အင်တာနက်အသုံးပြုသူများမှ ပေါက်ကွဲထွက်လာသည့် မှတ်ချက်များကို တွေ့ပြီး ကျန်းရှောင်ယွမ်ကို သွားရောက်မေးမြန်းခဲ့သည်။ “ အစ်ကိုကျန်း၊ ဒီမှတ်ချက်က အမှန်လား အမှားလား။"

"ဒါကမနှစ်က ရဲစွမ်းသတ္တိရှိသောအုပ်ချုပ်သူ ရိုက်ကူးရေးအဖွဲ့မှာ ဖြစ်ခဲ့တာ။" ကျန်းရှောင်ယွမ်သည် ပေါက်ကွဲထွက်လာသည့်အကြောင်းအရာများကို တစ်ချက်ကြည့်လိုက်သည်။ "သတင်းပေးသူရဲ့ သူငယ်ချင်းက ရဲစွမ်းသတ္တိရှိသောအုပ်ချုပ်သူရဲ့ အဖွဲ့သားတစ်ယောက် ဖြစ်မယ်ထင်တယ်။"

"ကျောင်းကျောင်းက တကယ့်ကို ဆိုးဆိုးဝါးဝါး နေထိုင်ခဲ့ရတာပဲ။" လီကျောင်းသည် သူတွေ့ဖူးသမျှထဲတွင် အဆိုးဝါးဆုံး ရှင်သန်ခဲ့ရသည့် အနုပညာရှင် ဖြစ်နိုင်သည်ဟု ဝန်ထမ်းက ခံစားမိခဲ့သည်။

"နည်းလမ်းမရှိခဲ့ဘူး။" ကျန်းရှောင်ယွမ်က သက်ပြင်းချလိုက်၏။ "အဲဒီတုန်းက ငါတို့ တကယ့်ကို ဆင်းရဲခဲ့တာ ။ ငါတို့ အသက်ရှင်နေထိုင်ဖို့ အဖွဲ့သားတွေရဲ့ ထမင်းဘူးတွေကို မှီခိုခဲ့ရတယ်။"

“ဒါက စိတ်ဆင်းရဲစရာကောင်းသလို အရမ်းလည်း ကြောက်စရာကောင်းတယ်။” ဝန်ထမ်းသည် အံဆွဲထဲမှ တစ်ဝက်စားထားသည့် အာလူးကြော်ဘူးကို ထုတ်ယူပြီး ကျန်းရှောင်ယွမ်အား ကမ်းပေးလိုက်သည်။ “ယူသွားပြီးစားပါ။ ငါ့ကိုပြန်ပေးစရာမလိုဘူး။ "

ကျန်းရှောင်ယွမ်    “ ……”

သူက စိတ်ဆင်းရဲစရာတွေ ရောင်းတာ နည်းနည်းလွန်သွားသလား။

မှောင်မည်းနေသည့်အခန်းတစ်ခုထဲတွင် ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုတည်းကသာ မှိတ်တုတ်မှိတ်တုတ် လင်းနေခဲ့၏။ ဗီဒီယိုက လီကျောင်း၏ခေါင်းနှင့် နံရံ တိုက်မိပုံ သို့မဟုတ် နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လဲလျောင်းနေပုံတို့ကို ပြသသည်နှင့်တစ်ပြိုင်နက် သူ၏ဖြူဖွေးသည့် လက်ချောင်းများက မောက်စ်ကို ကိုင်ထားပြီး pause ခလုတ်ကို နှိပ်လိုက်သည်။  

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now